နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်ဆီကို ၂၀၂၈ ခုနှစ် အထိ မြက်ခင်းစိမ်းပေါ်မှာ မြင်တွေ့ရတော့မယ် | မေဂျာလိဂ်

အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ မက်ဆီဟာ အစောပိုင်းမှာ သတင်းတွေ ထွက်နေခဲ့တဲ့ အတိုင်း တခြားသော ကလပ်တွေကို မပြောင်းရွှေ့တော့ပဲ မေဂျာလိဂ် ကလပ် နဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်မှာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် လာမယ့် ဒီဇင်ဘာမှာ သက်တမ်း ကုန်တော့မှာ ဖြစ်ပါတယ်။ အခုတော့ အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ မက်ဆီကို ၄၁ နှစ် အရွယ် အထိ မြက်ခင်းစိမ်းတွေ ပေါ်မှာ ဆက်လက် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီကို ဘောလုံး ကစားတာ ဆက်လက် မြင်တွေ့ချင်နေသေးတဲ့ သူ့ရဲ့ ပရိသတ်တွေ အတွက် ဝမ်းသာစရာ သတင်းလည်း ဖြစ်ခဲ့ပါတယ်။

အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် မက်ဆီက “ဒီအသင်းမှာ ဆက်ရှိရမှာက ကျွန်တော့်ကို တကယ် ပျော်ရွှင်စေပြီး အသင်းရဲ့ စီမံကိန်းနဲ့ အတူ ရှေ့ဆက်သွားမှာပါ။ မိုင်ယာမီဖရီးဒမ်းပါ့ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ အိပ်မက်တွေ ကလည်း တကယ် ဖြစ်လာပါပြီ။” လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီ ကတော့ ပရိသတ် ၂၅၀၀၀ ဝင်ဆံ့တဲ့ ကွင်းသစ်ဆီ ၂၀၂၆ ဘောလုံးရာသီမှာ စတင် ပြောင်းရွှေ့ ကစားမှာ ဖြစ်ပြီး အင်တာမိုင်ယာမီ အသင်းပိုင်ရှင်တွေက အဲဒီအချိန်အထိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် ချွင်းချက်မရှိ သတ်မှတ်ခံထားရတဲ့ မက်ဆီကို အင်တာမိုင်ယာမီ ဂျာဆီနဲ့ အတူ မြင်တွေ့ချင်နေခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် မေဂျာလိဂ် ကလပ်ဟာ မက်ဆီကို အနည်းဆုံး တစ်နှစ် သက်တမ်းတိုးနိုင်ဖို့ ရှိခဲ့ပေမယ့် ၂ နှစ် သက်တမ်းတိုးလိုက်နိုင်တာ ဖြစ်ပါတယ်။
အသက် ၄၁ နှစ် အရွယ်ထိ ဘောလုံး ကစားနေဦးမယ့် လီယွန်နယ် မက်ဆီ

အစောပိုင်းမှာ မက်ဆီကို သူ့ရဲ့ ငယ်ဘဝ ကလပ် နယူးဝဲလ်စ် အိုးလ်ဘိုင်းစ်က ပြန်လည် ခေါ်ယူချင်နေသလို လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကလည်း နူးကမ့်ပ် ကွင်းသစ် ဖွင့်ပွဲ အတွက် ပြင်ဆင်နေချိန်မှာ မက်ဆီနဲ့ ပြန်လည် ပူးပေါင်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲဒီအချိန်က နာမည်ကြီး သတင်းစာ Athletic ကတော့ လက်ရှိ အခြေအနေတွေကို အသေအချာ လေ့လာကြည့်တဲ့အခါမှာ မက်ဆီဟာ အင်တာမိုင်ယာမီ ကနေ ထွက်ခွာမယ် ဆိုတဲ့ အကြောင်းအရာတွေ အားလုံးက လွဲမှားနေကြောင်း၊ ဘယ်လွန်ဒေါ ၈ ကြိမ်ရ ကစားသမားဟာ ဖလော်ရီဒါမှာ ရှိနေရတာကို ကျေနပ်နေကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်က သူ ၁၀ စုနှစ် နှစ်ခု အကြာ ဖြတ်သန်းခဲ့တဲ့ ဘာစီလိုနာ ကနေ ခံစားချက်တွေနဲ့ ထွက်ခွာခဲ့ရတာကြောင့် နူးကမ့်ပ်ကို ပြန်သွားဖို့ထက် အခုလို ငြိမ်းချမ်းတဲ့ လမ်းကြောင်း ကိုပဲ ဆက်လက် လျှောက်လှမ်းဖို့ အလိုရှိကြောင်း သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ မက်ဆီဟာ ကတ်တာလန် အခြေစိုက် ကလပ် အတွက် ၁၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားကာ ၆၆၆ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ 

မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် ကိုတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အထိသာ ကစားပေးမယ်လို့ အတည်ပြုထားပြီး ကလပ် အသင်း အတွက်တော့ ဆက်လက် ယှဉ်ပြိုင်ကစားသွားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ တစ်ဖက် မှာလည်း လီယွန်နယ် မက်ဆီ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့က သူ့ရဲ့ ကြံ့ခိုင်မှု အပေါ် မူတည်နေတာကြောင့် လက်ရှိအချိန်မှာ ဘာဆိုဘာမှ မသေချာသေးကြောင်း သတင်းတွေ ထွက်နေပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ မကြာသေးခင်က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပေမယ့်လည်း နည်းပြ ဖြစ်သူ လီယွန်နယ် စကယ်လိုနီ ကတော့ မက်ဆီ အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ရှိနေသေးကြောင်း ပြောကြားထားပါတယ်။အင်တာမိုင်ယာမီဟာ မက်ဆီကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကွင်းတွင်း ကွင်းပြင်ပ အကျိုးစီးပွားများစွာ ဖြစ်ထွန်းခဲ့သလို၊ မေဂျာလိဂ် ပြိုင်ပွဲ ကလည်း အရင်ကထက် ပရိသတ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင် မေဂျာလိဂ် ကလပ်ဟာ မက်ဆီကို အနည်းဆုံး တစ်နှစ် သက်တမ်းတိုးနိုင်ဖို့ ရှိခဲ့ပေမယ့် ၂ နှစ် သက်တမ်းတိုးလိုက်နိုင်တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်