နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကလော့ပ်ကအန်ဆယ်လော့တီရဲ့ နေရာအတွက် ဆက်ခံသူဖြစ်လာမှာလား| လာလီဂါ

အီတလီအာဆင်နယ်ကိုနှစ်ကျော့စလုံးရှုံးနိမ့်ခဲ့တာကြောင့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေထွက်ခွာခဲ့ရပြီးနောက်ရီးရဲလ်မက်ဒရစ်နဲ့နည်းပြကာလိုအန်ဆယ်လော့တီရဲ့အနာဂတ်ကတော်တော်လေးမေးခွန်းထုတ်စရာရှိလာခဲ့ပါတယ်။လက်ရှိမှာလာလီဂါထိပ်သီးတို့ဟာအန်ဆယ်လော့တီနဲ့ရာသီမကုန်ခင်မှာပဲလမ်းခွဲဖွယ်ရှိကြောင်းသတင်းတွေဆက်တိုက်ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒီအခြေအနေမှာလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင်တော့အန်ဆယ်လော့တီအနေနဲ့ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ်ရာသီကုန်အထိဆက်ရှိနေဖို့မသေချာတော့ပဲဘာစီလိုနာနဲ့ကစားမယ့်ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲအပြီးမှာပဲရာထူးကနေနှုတ်ထွက်ရနိုင်ချေသို့မဟုတ်ထုတ်ပယ်ခံရနိုင်ချေရှိနေကြောင်းသိရပါတယ်။တစ်ဆက်တည်းမှာပဲအီတလီနာမည်ကျော်နည်းပြကြီးကလာလီဂါကလပ်ကနေထွက်ခွာအပြီးမှာဘရာဇီးလ်နည်းပြရာထူးကိုချက်ချင်းလက်ခံသွားနိုင်ချေရှိကြောင်းလည်းသတင်းတွေထွက်နေပါတယ်။

ဒါကြောင့်လစ်လပ်သွားဖို့ရှိတဲ့ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက်ကိုတော့ယာဂင်ကလော့ပ်ကဆက်ခံသွားဖို့ရှိကြောင်းကောလာဟလတွေလည်းဆက်တိုက်ထွက်ပေါ်လျက်ရှိနေပါတယ်။ယာဂင်ကလော့ပ်ကတော့ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာလစ်ဗာပူးလ်နဲ့လမ်းခွဲပြီးကတည်းကနည်းပြလောကထဲကိုပြန်လည်၀င်ရောက်လာခြင်းမရှိသေးသူဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲအီတလီနာမည်ကျော်နည်းပြကြီးကလာလီဂါကလပ်ကနေထွက်ခွာအပြီးမှာဘရာဇီးလ်နည်းပြရာထူးကိုချက်ချင်းလက်ခံသွားနိုင်ချေရှိကြောင်းလည်းသတင်းတွေထွက်နေပါတယ်။
အန်ဆယ်လော့တီနေရာမှာဆက်ခံမယ့်သူအဖြစ် သတင်းတွေထွက်နေတဲ့ အန်ဆယ်လော့တီ

လစ်ဗာပူးလ်နည်းပြဟောင်းယာဂန်ကလော့ပ်ရဲ့အေးဂျင့်ဖြစ်သူကတော့သူ့ရဲ့နည်းပြဟာရက်ဘူးလ်အုပ်စုရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲရာထူးမှာပျော်ရွှင်နေကြောင်းပြောကြားခဲ့ပါတယ်။နာမည်ကျော်ဂျာမန်လူမျိုးနည်းပြယာဂန်ကလော့ပ်ဟာ၂၀၂၃-၂၀၂၄ဘောလုံးရာသီအကုန်မှာလစ်ဗာပူးလ်နဲ့လမ်းခွဲခဲ့ပြီးတော့၂၀၂၅ခုနှစ်နှစ်အစပိုင်းမှာတော့ရက်ဘူးလ်အုပ်စုရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါပေမယ့်လည်းမကြာသေးခင်ကပဲသတင်းတွေမှာယာဂန်ကလော့ပ်အနေနဲ့ရက်ဘူးလ်အုပ်စုမှာမပျော်မရွှင်ဖြစ်နေတယ်လို့သိရပြီးလာမယ့်ရာသီဘောလုံးအသင်းတစ်သင်းသင်းကိုပြန်လည်ကိုင်တွယ်ဖွယ်ရှိနေကြောင်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

ဒီအခြေအနေမှာနည်းပြလက်မဲ့ဖြစ်နေတဲ့ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့လာလီဂါထိပ်သီးရီးယဲလ်မက်ဒရစ်တို့ကကလော့ပ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဒါပေမယ့်လည်းလက်ရှိမှာကလော့ပ်ရဲ့အေးဂျင့်ဖြစ်သူမာကိုဆစ်ကီကကလော့ပ်အနေနဲ့ရက်ဘူးလ်အုပ်စုမှာပျော်ရွှင်နေကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ်။မာကိုဆစ်ကီက “ယာဂန် (ကလော့ပ်) ကရက်ဘူးလ်ရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေရတာကိုအရမ်းပဲသဘောကျနေတာပါ။သူ့အနေနဲ့အဲဒီအလုပ်မှာအာရုံအပြည့်အဝစိုက်ထားပြီးအဲဒီမှာပျော်ရွှင်နေပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

ယာဂန်ကလော့ပ်ကိုယ်တိုင်ကလည်းသူ့အနေနဲ့ဘောလုံးကိုချစ်မြတ်နိုးပေမယ့်လည်းဘောလုံးအသင်းတစ်သင်းသင်းကိုကိုင်တွယ်ဖို့အစီအစဉ်မရှိသေးကြောင်းဖွင့်ဟပြောကြားထားပါတယ်။ဒါကြောင့်ကာလိုအန်ဆယ်လော့တီအနေနဲ့လာလီဂါကလပ်နဲ့အမှန်တကယ်တကယ်ပဲလမ်းခွဲမှာလား။ဒါမှမဟုတ်ရီးရဲလ်မက်ဒရစ်ကကလော့ပ်ကိုအသင်းရဲ့ပဲ့ကိုင်ရှင်သစ်အဖြစ်ဘာနေဗျူးဆီအရခေါ်ယူသွားမှာလား။ဒါမှမဟုတ်ကလော့ပ်ကိုယ်တိုင်ကရောဒီကမ်းလှမ်းမှုကိုလက်ခံသွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်