ဗင်နီးစီးယပ်စ် ဂျူနီယာ အနေနဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ တိုးတက်မှု မရှိတာကြောင့် စိတ်ပျက်လျက် ရှိကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အခုတစ်ပတ် အစောပိုင်းမှာ ဘရာဇီးလ်သားရဲ့ အေးဂျင့် ဖြစ်သူနဲ့ တွေ့ဆုံမှုကို ငြင်းဆန်ခဲ့ပြီးနောက် ကစားသမားရဲ့ စာချုပ်သစ် ကိစ္စ ကလည်း နှောင့်နှေး ကြန့်ကြာနေတာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ်ဟာ မကြာသေးခင်ကပဲ လာလီဂါ ထိပ်သီး တို့နဲ့ စာချုပ် သက်တမ်း နောက်ဆုံး ၂ နှစ်ထဲကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာ ဗင်နီကို ဆော်ဒီပရိုလိဂ် ကလပ်တွေက မြင့်မားတဲ့ လုပ်ခလစာနဲ့ ချဉ်းကပ်မှုတွေ ပြုလုပ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ဗင်နီးစီးယပ်စ် ကတော့ ဆန်တီယာဂို ဘာနေဗျူးမှာ ရေရှည် ဆက်နေဖို့ စိတ်ကူး ရှိနေပြီး ချဉ်းကပ်မှုတွေ အားလုံးကို ပယ်ချခဲ့ပါတယ်။
ကစားသမား ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးလိုကြောင်း အကြိမ်ကြိမ် ပြောဆိုထားပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ကိစ္စတွေ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး ပြုလုပ်ခဲ့တဲ့ အစည်းအဝေးပြီး ကတည်းက ရပ်တန့်နေခဲ့ပါတယ်။ ဗင်နီးစီးယပ်စ် ဂျူနီယာ အနေနဲ့ သူ့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ တောင်းဆိုမှုတွေကို လျှော့ချလိုက်တယ် ဆိုပေမယ့်လည်း ၎င်းနဲ့ ကလပ် အကြား ကွာဟချက် ၁၅ ရာခိုင်နှုန်း ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီကွာဟချက် နှစ်ဦး နှစ်ဖက် အတွက် အသေးအဖွဲ ဖြစ်ပေမယ့် တခြားသော သဘောတူညီချက်တွေ အတွက် ညှိနှိုင်းဖို့ လိုအပ်နေသေးကြောင်း သိရပါတယ်။

ဘရာဇီးလ်သား အတွက် နောက်ထပ် စိတ်ပျက်စရာ ကိစ္စ တစ်ခုက ဒီရာသီ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီမှု မရှိတာနဲ့ အချိန် အကန့်အသတ်နဲ့ ပွဲထွက်နေရတာ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ဗင်နီးစီယက်စ်ကို တိုက်စစ် လိုက်ပါခြင်းထက် ခံစစ်ကို ဆင်းကူဖို့ ပိုမို ဆန္ဒရှိနေတာကြောင့် ကစားသမား အနေနဲ့ စိတ်ပျက်နေတယ်လို့ သိရပါတယ်။
ဗင်နီးစီးယပ်စ်ဟာ မာဆေးလ်၊ ရီးရဲလ်အိုဗီဒို တို့နဲ့ ပွဲတွေမှာ ပွဲကစားချိန် ၂၇ မိနစ်သာ ရရှိခဲ့ပြီး ကျန်ပွဲတွေမှာလည်း ၇၈ မိနစ်ထက် ပိုမကစားရတာ တွေ့ရပါတယ်။ လီဗန်တေးကို ၁-၄ နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ ဗင်နီကို ပွဲချိန်ပြည့် ကစားခွင့်ရခဲ့သလို ၁ ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်ဟာ ဒီရာသီမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ်တွေ အပါအဝင် ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားရာမှာ ၄ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးထားပါတယ်။
နည်းပြ ဖြစ်သူ အလွန်ဆို ကတော့ သူ့အသင်းရဲ့ ကစားသမားတွေ အားလုံး ပျော်ရွှင်နေကြောင်း လီဗန်တေးနဲ့ ပွဲမတိုင်ခင် အခုလိုပဲ ပြောကြားထားပါတယ်။ အလွန်ဆိုက “အက်စ်ပန်ညိုနဲ့ ပွဲအပြီးမှာ ကျွန်တော် ကစားသမားတွေနဲ့ စကားပြောခဲ့ပြီး သူတို့ အားလုံး ပျော်ရွှင်နေပါတယ်။ သူတို့က ကောင်းမွန်တဲ့ ခံစားချက်တွေ ရနေပြီး ဆက်ပြီး တိုးတက်အောင် လုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်တို့ဟာ အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ဖို့ လိုအပ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ စုပေါင်း စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။ လူတိုင်းက အသင်း အတွက် လိုအပ်တဲ့ အခန်းကဏ္ဍ ကိုယ်စီ ရှိတာကို နားလည်ကြပြီး ပါဝင်ကူညီပေးကြပါတယ်။
အဲဒီနောက် အလွန်ဆိုက ဗင်နီးစီးယပ်စ်ရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ပတ်သက်ပြီး “သူလုပ်နေတာကို ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့ ရာသီအစပဲ ရှိပါသေးတယ်။ သူက ဆက်ပြီး အရေးပါနေဖို့ လိုအပ်ပါတယ်။ ပွဲတွေ အများကြီး ကစားဖို့ ကျန်နေပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ အခုနှစ် လာလီဂါ မှာ ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်အထိ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဇယား ထိပ်ကနေ ဦးဆောင်နေပါတယ်။ ဒါ့အပြင် အလွန်ဆိုရဲ့ အသင်းက ချန်ပီယံလိဂ်မှာလည်း နိုင်ပွဲ ရထားပြီး ပြိုင်ပွဲစုံမှာ အကောင်းဆုံး ပုံစံနဲ့ ရှေ့ဆက်နေခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.