နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပုံမှန်အောက် ရောက်နေတဲ့ အသင်းရဲ့ စွမ်းဆောင်ရည် အတွက် ဆင်ခြေပေးဖို့ မရှိဘူး ဆိုတဲ့ အလွန်ဆို | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ ညက ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီ လာလီဂါ ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ၅-၂ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီရှုံးပွဲ အပြီးမှာတော့ နည်းပြ ဖြစ်သူ ဇာဘီ အလွန်ဆိုက သူတို့ အသင်းရဲ့ ပုံမှန်အောက် ရောက်ရှိနေတဲ့ စွမ်းဆောင်ရည် အတွက် ဆင်ခြေပေးဖို့ မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ပွဲမတိုင်ခင် လာလီဂါ ၆ ပွဲ ဆက်တိုက် အနိုင်ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလွန်ဆိုရဲ့ အသင်းက မက်ထရိုပိုလီတာနို မှာတော့ အက်တလက်တီကိုမက်ဒရစ်ကို အဘက်ဘက်မှာ လုံးဝ မယှဉ်နိုင်ခဲ့ပဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လီနော်မက်ဒ် ဦးဆောင်ဂိုးကို ကီလီယန် အမ်ဘာပေး၊ အာဒါ ဂူလာ တို့ရဲ့ ဂိုးတွေနဲ့ ချေပပြီး ၁-၂ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ အိမ်ရှင်တို့ အတွက် ဆောလော့သ်က ချေပဂိုး သွင်းယူပေးနိုင်ခဲ့သလို ဒုတိယပိုင်း မှာလည်း ဟူလီယန် အဲလ်ဗာရက်ဇ် (၂ ဂိုး)၊ အန်တိုနီယို ဂရစ်ဇ်မန်း တို့က အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီလို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာ သူတို့ကို အနီးကပ် ဖိအားပေးနေတဲ့ ဘာစီလိုနာကို အခွင့်အရေးပေးသလို ဖြစ်ခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ဆင်းပေးရဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

ဒီလို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာ သူတို့ကို အနီးကပ် ဖိအားပေးနေတဲ့ ဘာစီလိုနာကို အခွင့်အရေးပေးသလို ဖြစ်ခဲ့ပါတယ်။ အကယ်၍ ဘာစီလိုနာသာ ဒီကနေ့မှာ ရီးရဲလ်ဆိုစီဒက်ကို အနိုင်ရခဲ့ရင်တော့ ဂိုးကွာခြားချက်နဲ့ ရီးရဲလ်တို့ အဆင့် ၂ နေရာကို ဆင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီး အင်တာဗျူး အစီအစဉ်မှာ နည်းပြ ဇာဘီ အလွန်ဆိုက အခုလိုပဲ ပြောကြားလိုက်ပါတယ်။

အလွန်ဆိုက “ဒါက ဆိုးရွားတဲ့ပွဲပါ။ ကျွန်တော်တို့ ကောင်းကောင်း မစတင်နိုင်ခဲ့ပါဘူး၊ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော် တို့ရဲ့ အဆင့်မှာ ရှိမနေခဲ့ပါဘူး။ ကျွန်တော် တို့က တည်ဆောက်နေဆဲ အဆင့်မှာ ရှိခဲ့ပြီး ဒီပွဲအပေါ် ကောက်ချက် ဆွဲရပါမယ်။ ဘာလို့လဲ ဆိုတော့ ကစားသမားတွေ အနေနဲ့ အနာဂတ် အတွက် ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ သိရဖို့ လိုအပ်လို့ပါ။ ဆင်ခြေပေးဖို့ မရှိပါဘူး။ ကျွန်တော် တို့နဲ့ ထိုက်တန်ခဲ့တဲ့ ရှုံးပွဲ ဖြစ်ပါတယ်။ ကျွန်တော် တို့မှာ အားနည်းချက် များစွာ ရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော် တို့က ရှိသင့်တဲ့ အဆင့်အတန်းနဲ့ မယှဉ်ပြိုင်ခဲ့ပါဘူး။ ကျွန်တော် တို့ရဲ့ အဆင့်အတန်းကို မြှင့်တင်ရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် အနေနဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် လက်ရွေးစင် အနေနဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပဲ အသင်းဖော် တစ်ဦး အတွက် အခွင့်အရေး ၁ ကြိမ်သာ ဖန်တီးနိုင်ခဲ့သလို ဘောလုံး ပိုင်ဆိုင်မှု ၇ ကြိမ် ဆုံးရှုံးခဲ့ပါတယ်။ ပရိသတ်တွေ ကတော့ အလွန်ဆို အနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ ကစားသမား တစ်ဦးကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တယ် ဆိုပြီး ဝေဖန်နေကြပေမယ့် အခုလိုပဲ တုန့်ပြန်သွားခဲ့ပါတယ်။ “သူ ကောင်းကောင်း လေ့ကျင့်နေပါတယ်။ သူမရှိပဲ ကျွန်တော် တို့က မရွေးလျားနိုင်ပါဘူး။ ကျွန်တော်တို့ Duels တွေ ဆုံးရှုံးခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့ ဆုံးဖြတ်ချက်တွေကို ခွဲခြမ်းစိတ်ဖြာရပါမယ်။ ဒီလို ကြီးလေးတဲ့ ရှုံးနိမ့်မှုကို မေ့ထားမှာ မဟုတ်ပါဘူး။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ ကျွန်တော် တို့ဟာ ဝေဖန်ပိုင်းခြားတတ်ဖို့နဲ့ အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာပြီး တိုးတက်အောင် ကြိုးစားရပါမယ်။” လို့ အလွန်ဆိုက ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်