အက်တလက်တီကိုမက်ဒရစ် ကတော့ မနေ့က ကစားခဲ့တဲ့ လာလီဂါ နောက်ကျ ပွဲစဉ်မှာ ရီးရဲလ်ဘက်တစ်ကို အဝေးကွင်းမှာ အနိုင်ရသွားခဲ့ပါတယ်။ မက်ဒရစ် မြို့ခံ ကလပ်ဟာ ဒီရာသီ လာလီဂါမှာ ပထမဦးဆုံး အဝေးကွင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး နည်းပြ ဒီယေဂို ဆီမြွန်နီ ကလည်း ဒီနိုင်ပွဲ အပေါ် အလွန်အမင်း ကျေနပ် ပျော်ရွှင်လျက် ရှိနေပါတယ်။
ဆီမြွန်နီက “ကျွန်တော် အရမ်းပဲ ပျော်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ အသင်းက ပထမပိုင်းမှာ တော်တော်လေး ကောင်းအောင် ကစားပြနိုင်ခဲ့ပါတယ်။ တကယ်ဆို ကျွန်တော်တို့ ကြီးကြီးမားမား ဂိုးကွာခြားချက်တွေနဲ့ ပြိုင်ဘက်ကို ဉီးဆောင်နိုင်ခဲ့သင့်တာပါ။ ၃ ဂိုးလောက်သာ ရခဲ့ရင် ကျွန်တော်တို ပိုပြီး စိတ်သက်သာရာ ရခဲ့မှာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုလို အနိုင်ရခဲ့တာက တော်တော်လေးကို ကျေနပ် ပျော်ရွှင်ဖို့ ကောင်းခဲ့ပါတယ်။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ကို ချန်ပီယံလိဂ်မှာ ၄-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ကစားခဲ့တဲ့ ဒီပွဲမှာ တီကိုက ခြေစွမ်းပိုင်း အားနည်းချက်တွေ များစွာ ရှိခဲ့ပေမယ့် ဂီလီယာနို ဆီမြွန်နီ၊ အဲလက်စ် ဘေနာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဖြစ်တဲ့ ရီးရဲလ်ဘက်တစ်ဟာ အက်တလက်တီကိုမက်ဒရစ်ထက် ခြေစွမ်းပိုင်း ပိုကောင်းခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ အစကတည်းက အသင်း အတွက် လာလီဂါမှာ ဂိုး ပါဝင် ပတ်သတ်မှု ၂၉ ကြိမ် အထိ ပြုလုပ်ထားနိုင်တဲ့ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်က အခုပွဲ မှာလည်း ဂိုးဖန်တီးမှု ထပ်မံ ပြုလုပ်နိုင်ခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် အတွက် ၆၉ ပွဲ ကစားပြီး ၃၆ ဂိုး သွင်းယူကာ ဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားတဲ့ အာဂျင်တီးနားသားက ဒီရာသီ အစ ၁၅ ပွဲ ကစားပြီးချိန်မှာပဲ ၇ ဂိုး သွင်းကာ၊ ၅ ဂိုး ဖန်တီးထားနိုင်ပြီလည်း ဖြစ်ပါတယ်။
နောက်ပြီး အက်တလက်တီကိုရဲ့ အဝေးကွင်း နိုင်ပွဲ အတွက် အသင်းရဲ့ ဂိုးသမား ယန် အော်ဘလက်ခ်ရဲ့ လက်စွမ်းပြမှုတွေ ကလည်း အရေးပါခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ဒီရာသီ လာလီဂါမှာ အဝေးကွင်း ၅ ပွဲစဉ် ၅ ပွဲ ကစားထားပေမယ့် ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ကတော့ ၆ မှတ်သာ စုဆောင်းထားနိုင်ပါသေးတယ်။
လက်တလော မှာတော့ အက်တလက်တီကိုမက်ဒရစ်က လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့တော့ ၈ မှတ် အထိ ပြတ်နေပါတယ်။ လာမယ့် ပွဲစဉ် ၅ ပွဲ အဖြစ် တီကိုက ဆီဗီလာ (လာလီဂါ)၊ ယူနီယံ စိန့်ဂလွိုက်စ် (ချန်ပီယံလိဂ်)၊ လီဗန်တေး (လာလီဂါ)၊ ဂီတာဖေး (လာလီဂါ)နဲ့ အင်တာမီလန် (ချန်ပီယံလိဂ်) ပွဲစဉ်တွေ ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ဆီမြွန်နီရဲ့ အသင်း အတွက် လာလီဂါ ပွဲစဉ်တွေက အနည်းငယ် ချောင်နေပေမယ့် ချန်ပီယံလိဂ် မှာတော့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။ အက်တလက်တီကိုမက်ဒရစ်က ဒီရာသီ ချန်ပီယံလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ဖရန့်ဖတ် ကိုပဲ အနိုင်ရထားပြီး လစ်ဗာပူးလ်နဲ့ အာဆင်နယ်ကို ရှုံးကာ လိဂ်အဆင့် ဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


