နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုက်စ်နဲ့ ဘာကိုလာ အတွက် ပေါင် သန်း ၂၀၀ ကျော် သုံးမယ့် ရီးရဲလ်၊ ရိုဒရီဂို အတွက် ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းခဲ့တဲ့ စပါး | လာလီဂါ

အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ၂၀၂၆ ခုနှစ်မှာ ကစားသမား နှစ်ယောက် အတွက် ပေါင် ၂၁၅ သန်း (ဒေါ်လာ ၂၈၂.၅ သန်း) အသုံးပြုဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ်ရဲ့ ဒီကလန် ရိုက်စ်ကို ပေါင် ၁၃၀ သန်းနဲ့ ခေါ်ယူချင်နေသလို ပဲရစ်စိန့်ဂျာမိန်း တိုက်စစ်မှူး ဘရက်ဒ်လေ ဘာကိုလာ ကိုတော့ ပေါင် ၈၅ သန်းနဲ့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် တောင်ပံ ကစားသမား ဒန်နီရယ် မူနော့ဇ် အတွက် သဘောတူညီမှု ရဖို့ မန်ချက်စတာစီးတီးရဲ့ ကြိုးပမ်းမှုတွေက ဘာစီလိုနာရဲ့ မြင့်တက်လာတဲ့ စိတ်ဝင်စားမှုကြောင့် ပျက်ပြယ်သွားခဲ့ကြောင်း Mundo Deportivo က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဇန်နဝါရီ ဈေးကွက် မတိုင်ခင် ရိုဒရီဂို အတွက် ယူရို ၈၀ သန်း (ပေါင် ၇၀.၄ သန်း၊ ဒေါ်လာ ၉၂.၅ သန်း) တန် ကမ်းလှမ်းမှု တစ်ခု တင်သွင်းခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ကလည်း ဒီကစားသမားကို သဘောကျနေပါတယ်။ လာလီဂါ ကလပ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် လက်တွေ့ချဉ်းကပ်မှုကို ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာ မဆုံးဖြတ်ရသေးကြောင်း Fichajes က ဖော်ပြပါတယ်။

လာလီဂါ ကလပ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် လက်တွေ့ချဉ်းကပ်မှုကို ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာ မဆုံးဖြတ်ရသေးကြောင်း Fichajes က ဖော်ပြပါတယ်။
အလွန်ဆိုရဲ့ ကမ်းလှမ်းမှုတွေကို ဘယ်လို ပုံစံနဲ့ တုန့်ပြန်ရမလဲ မသိသေးတဲ့ ရီးရဲလ်မက်ဒရစ်

ဒဏ်ရာရနေတဲ့ လာမင်း ယာမယ်ကို စပိန် လက်ရွေးစင် အသင်း အတွက် အသုံးပြုခဲ့တဲ့ လူးဝစ္စ ဒီလာ ဖျူအန်တေး ကို‌တော့ ဘာစီလိုနာဟာ “အနီရောင်သတိပေးချက်” ထုတ်ပြန်ထားတယ်လို့ El Nacional က ဖော်ပြပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး တို့ရဲ့ စိတ်ဝင်စားမှုများစွာ ရရှိနေပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ အသင်းရဲ့ ကြယ်ပွင့် အာဒါ ဂူလာကို ထွက်ခွာခွင့်ပြုရန် စိတ်မဝင်စားကြောင်း DefensaCentral က ဖော်ပြပါတယ်။

နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဖရန့်ခ် ဒီဘိုးဝါး ကတော့ သူ့အနေနဲ့ နည်းပြလောကကို ပြန်မလာချင်တော့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အသက် ၅၅ နှစ် အရွယ် ဒီဘိုးဝါး ကတော့ အေဂျက်စ်နဲ့ ဘာစီလိုနာ တို့မှာ ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး နည်းပြဘဝကို ကူးပြောင်းချိန်မှာတော့ အေဂျက်စ်၊ အင်တာမီလန်၊ ခရစ္စတယ်ပဲလေ့စ်၊ အတ္တလန္တာ၊ နယ်သာလန် လက်ရွေးစင် အသင်းနဲ့ အယ်လ်ဂျာဇီးယား တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

ဒီဘိုးဝါးဟာ အေဂျက်စ်ကို ကိုင်တွယ်စဉ်မှာ အမှတ်ပေးချန်ပီယံဆု ၄ ကြိမ် ရယူနိုင်ခဲ့ပေမယ့် တခြားသော ဥရောပ ကလပ်တွေ မှာတော့ အောင်မြင်မှု မရခဲ့ဘဲ အချိန်တို အတွင်း လမ်းခွဲခဲ့ရပါတယ်။ ပဲလေ့စ်ကို ၅ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာ ကတော့ အဆိုးရွားဆုံး ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံး နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။

ဝုဗ် ကတော့ မစ်ဒယ်ဘရော့ နည်းပြ ရော့ဘ် အက်ဒ်ဝပ်စ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ ဝုဗ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ် ၁၁ ပြီးဆုံးချိန် အထိ နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယား အောက်ဆုံး ရောက်ရှိနေပြီး ပေါ်တူဂီ နည်းပြ ဗစ်တာ ပါရဲရားကို နိုဝင်ဘာ ၂ ရက်နေ့ ကတည်းက ရာထူး ကနေ ထုတ်ပယ်ထားခဲ့တာပါ။ ဒါကြောင့် အစားထိုး ခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေခဲ့ရာမှာ မစ်ဒယ်ဘရော့က အင်္ဂလန် နည်းပြ ရော့ဘ် အက်ဒ်ဝပ်ကို ၃ နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အသက် ၄၂ နှစ် အရွယ် ရော့ဘ် အက်ဒ်ဝပ် ကတော့ ဝုဗ်ရဲ့ ကစားသမားဟောင်းဖြစ်ပြီး နည်းပြ ဘဝကို စတင် ဝင်ရောက်စဉ်က ဝုဗ်ရဲ့ ယာယီ နည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်