ဩဂုတ်လ ၁၃ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အက်ဒူယာဒို ကာမာဗင်ဂါ အတွက် ကမ်းလှမ်းမှုတိုင်းကို လက်ခံ စဉ်းစားသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး တို့က ပြင်သစ် ကွင်းလယ်လူ အတွက် တန်ကြေးကို ယူရို သန်း ၈၀ ကျော် သတ်မှတ်ထားခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဇာဘီ အလွန်ဆိုနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်သားကို ရောင်းထုတ်လိုခြင်း မရှိတာကြောင့် အခုလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့တာ ဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
အီဘရာဟီမာ ကိုနာတေး အတွက် လစ်ဗာပူးလ်က သတ်မှတ်ထားတဲ့ တန်ကြေးနဲ့ ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းမယ့် ပြောင်းရွှေ့ကြေးက ယူရို ၁၅ သန်း ကွာဟမယ်လို့ ယူဆရပါတယ်။ ပြင်သစ်သား ကတော့ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ထရန့် အလက်ဇန္တား အာနိုးလ်ကို ဆုံးရှုံးလိုက်ရတဲ့ အလားတူ အခြေအနေမျိုးကို ရှောင်ရှားလိုနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က ယူရို ၂၅ သန်း ပေးချေလိုပြီး ပရီးမီးယားလိဂ် ချန်ပီယံတွေ ကတော့ ယူရို သန်း ၄၀ လိုချင်နေကြောင်း သိရပါတယ်။
ဖရန်ကီ ဒီယောင် ကတော့ ဟန်ဆီ ဖလစ်ခ်ရဲ့ နည်းစနစ်ပိုင်း အတွက် အဓိကကျတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။ ကတ်တာလန် ကလပ်ဟာ နယ်သာလန် ကွင်းလယ် ကစားသမားကို ဆက်ထိန်းထားဖို့ ယုံကြည်မှု ရှိပေမယ့်လည်း ဒီယောင် ကတော့ အသင်းရဲ့ ပရောဂျက်၊ သူ့ရဲ့ ခံစားချက်နဲ့ အခန်းကဏ္ဍ အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။

တခြားသော သတင်းတွေ မှာတော့ လော့စ်ဘလန်ကို တို့ဟာ နယ်သာလန်လိဂ်မှာ ထင်ရှားကျော်ကြားလာခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် ကွင်းလယ် ကစားသမား ကီးစ် စမစ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်စာ ကစားသမားရဲ့ ခြေစွမ်းကို အကဲဖြတ်ဖို့ အတွက် အက်ဖ်စီ ဗိုလ်ဒန်ဟမ်နဲ့ အေဇက် အဲလ်ခမာတို့ သရေကျခဲ့ ပွဲစဉ်ကို ကင်းထောက် တစ်ဦး စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
အင်နာကီ ပီနာ ကတော့ ဒီရာသီမှာ ပွဲထွက် ကစားချင်ရင်တော့ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ လိုအပ်နေကြောင်း သိရပါတယ်။ ဘာစီလိုနာ အနေနဲ့ လာလီဂါထံ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဿနာတွေကြောင့် ပီနာရဲ့ ထွက်ခွာမယ့် အလားအလာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း စပိန်သား ကတော့ အသင်း ကနေ အမှန်တကယ် ထွက်ခွာချင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ လက်ရှိ အသင်းကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်း တလျှောက် ပထမဦးဆုံး ရာသီ အဖွင့် ပွဲစဉ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။ ဆီမြွန်နီဟာ အက်တလက်တီကိုမက်ဒရစ်ကို ၂၀၁၁ ဒီဇင်ဘာမှာ စတင် ကိုင်တွယ်ခဲ့ခြင်း ဖြစ်တာကြောင့် ရာသီအပြည့် ကိုင်တွယ်ခွင့်ရခဲ့တာ ကတော့ ၂၀၁၂-၂၀၁၃ ရာသီကတည်းက ဖြစ်ပါတယ်။ အဲဒီ ၂၀၁၂-၂၀၁၃ ဘောလုံး ရာသီကနေ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ အထိ ၁၃ ရာသီ အတွင်း လာလီဂါ ရာသီအဖွင့် ပွဲစဉ်တွေမှာ အက်တလက်တီကိုတို့ ရှုံးပွဲ မရှိခဲ့ဘဲ ၇ ပွဲ နိုင်၊ ၆ ပွဲ သရေကျခဲ့ပါတယ်။
မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ရိုဒရီဂိုကို နောက်ဆုံး နှစ်ပတ်တာ အတွက် အိမ်မက် အပြောင်းအရွှေ့ အဖြစ် ဆက်လက် စဉ်းစားထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ဆာဗင်ဟို ထွက်ခွာသွားမှသာ ရိုဒရီဂိုကို ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ သူ့ရဲ့ အသင်းက မာယော့ကာကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် လုံးဝ မပျော်ရွှင် ဖြစ်နေတယ်လို့ သိရပါတယ်။ အဓိက ကတော့ အသင်းက ပြင်းထန်စွာ အားထုတ်မှု မရှိတာကြောင့် ဖလစ်ခ် အနေနဲ့ ဒေါသထွက်နေခြင်းလည်း ဖြစ်ပါတယ်။ အိန်ဂျယ် ဒီမာရီယာ ကတော့ ရီးရဲလ်မက်ဒရစ် ကစားသမားသစ်လေး ဖရန်ကို မက်စတန်တူအိုနိုမှာ မယုံနိုင်စရာ အလားအလာတွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မက်စတန်တူအိုနိုဟာ မှော်ဝင်တဲ့ ကစားသမားလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.