အောက်တိုဘာ ၇ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီကို ပေါင် သန်း ၁၃၀ (ဒေါ်လာ ၁၇၅.၂ သန်း) နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း Daily Star က ဖော်ပြပါတယ်။ လာလီဂါ ကလပ်ဟာ ရိုဒရီကို လာမယ့် ၂၀၂၆ မှာ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း အစောပိုင်းမှာ ကတည်းက သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
အက်ဒူယာဒို ကာမာဗင်ဂါ ကတော့ လာမယ့် နွေရာသီမှာ မက်ဒရစ် ကနေ မန်ချက်စတာသို့ ပြောင်းရွှေ့ဖွယ် ရှိပြီး ပပ် ဂွါဒီယိုလာရဲ့ အသင်းက ယူရိုသန်း ၆၀ (ပေါင် ၅၂.၃ သန်း) တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖွယ် ရှိကြောင်း Fichajes က ဖော်ပြပါတယ်။
လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ လာမယ့် ရာသီတွင် လီဗန်တေးရဲ့ လူငယ် ကြယ်ပွင့် အက်တာ အီယောင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဘာဆာဟာ တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး တစ်ဦး ရှာဖွေနေပြီး အီယောင်ကို စိတ်ဝင်စားကြောင်း ပြသထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၁ နှစ် အရွယ် ကစားသမား အတွက် ယူရို သန်း ၃၀သာ ကုန်ကျမှာ ဖြစ်လို့ ပရီးမီးယားလိဂ် ကလပ် များစွာ ကလည်း ပစ်မှတ်ထားနေပါတယ်။

အာချက်ဖ် ဟာကီမီ ကတော့ တစ်ချိန်မှာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ထံ ပြန်သွားဖွယ် ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် အနေနဲ့ ဟာကီမီကို လာမယ့် ၂၀၂၉ မတိုင်ခင် ခေါ်ယူချင်ရင်တော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရဖို့ ရှိကြောင်း Marca က ဖော်ပြပါတယ်။
အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ် ကတော့ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ စီမံခန့်ခွဲမှု ပုံစံ အပေါ် မပျော်မရွှင် ဖြစ်နေတယ်လို့ ယူဆရပြီး သူ့ရဲ့ “ မကျေနပ်မှု” ကို ရီးရဲလ်မက်ဒရစ်ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေကို အသိပေးခဲ့ကြောင်း Radioestadio Noche က ဖော်ပြပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ဘေယန်မြူးနစ် အတွက် အပြည့်အဝ အာရုံစိုက်နေပြီး ပရီးမီးယားလိဂ်ကို ပြန်မယ့် သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း ဆန္ဒရှိနေကြောင်း ဝန်ခံခဲ့ပါသေးတယ်။ ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ စပါး ကနေ ပေါင် ၈၆.၄ သန်းနဲ့ ဘေယန်မြူးနစ်ထံ ရောက်ရှိလာပြီး ၄ နှစ် စာချုပ် ချုပ်ဆိုထားသူပါ။ အသက် ၃၂ နှစ် အရွယ် ဟယ်ရီကိန်း အနေနဲ့ ဘေယန်မြူးနစ် အတွက် ၁၀၆ ပွဲကစားပြီး ၁၀၃ ဂိုး အထိ သွင်းယူပေးထားပါတယ်။ ဘယ်လွန်ဒေါဆုရှင် အီတလီ နောက်ခံလူဟောင်း ဖေဘီယို ကန်နာဗာရို ကတော့ ဥဇဘက်ကစ္စတန် လက်ရွေးစင် အသင်း နည်းပြ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။ အသက် ၅၂ နှစ် အရွယ် ကန်နာဗာရိုဟာ တရုတ် လက်ရွေးစင် အသင်း အပါအဝင် အသင်းပေါင်း ၇ သင်းကို ကိုင်တွယ်ခဲ့ဖူးပေမယ့် အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။ နောက်ဆုံး ကိုင်တွယ်ခဲ့တာ ကတော့ ခရိုအေးရှား ကလပ် ဒိုင်နမိုဇာဂရက်ဘ် ဖြစ်ပြီး ဧပြီလမှာ လမ်းခွဲပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ဥဇဘက်ကစ္စတန် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရရှိထားခြင်း ဖြစ်တာကြောင့် ကန်နာဗာရိုကို နည်းပြသစ် အဖြစ် ခန့်အပ်ကာ အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်နေခြင်းလည်း ဖြစ်ပါတယ်။ ကန်နာဗာရိုဟာ ကူဝိတ်နဲ့ ကစားရမယ့် ခြေစမ်းပွဲမှာ ဥဇဘက်ကစ္စတန် နည်းပြ အဖြစ် စတင် ကိုင်တွယ်ရမယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.