လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ အသင်းရဲ့ ကွင်းလယ် ကစားသမား ဒန်နီ ဆယ်ဘာလော့စ် အနေနဲ့ မာဆေးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေချိန်မှာ အခုလိုမျိုး သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နည်းပြ အလွန်ဆို ကတော့ ကွင်းလယ်ပိုင်း အတွက် အစားထိုးမယ့်သူ ရရှိမှာသာ ဆယ်ဘာလော့စ်ကို လက်လွှတ်ချင်နေကြောင်း သိရပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ မာဆေးလ်တို့ အကြားမှာ ဆယ်ဘာလော့စ်ရဲ့ အပြောင်းအရွှေ့ အတွက် ကနဦး အငှား+ရာသီကုန် အပြီးသတ် ခေါ်ယူခွင့်နဲ့ သဘောတူညီမှု ရထားပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ဆယ်ဘာလော့စ်ရဲ့ အပြောင်းအရွှေ့ ကနေ ပေါင် ၁၅ သန်း ရရှိဖို့ မျှော်လင့်ထားပါတယ်။
ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီနွေရာသီမှာ ကစားသမားသစ် ၄ ဦး ခေါ်ယူမှု အတွက် ယူရို သန်း ၂၀၀ ကျော် အသုံးပြုခဲ့ပေမယ့်လည်း ကွင်းလယ် ကစားသမား မပါဝင်ခဲ့ပါဘူး။ လာလီဂါ ကလပ်ဟာ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ်တို့ မရှိတော့တဲ့နောက်မှာ အရည်အသွေးမြင့် ထိပ်တန်း ကွင်းလယ် ကစားသမားတွေနဲ့ ပြန်လည် အစားထိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အစောပိုင်းမှာ ပီအက်စ်ဂျီရဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ဗစ်တင်ညာကို ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လီဂူးဝမ်း ကလပ် ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ပေါ်တူဂီသားကို ဒီနွေမှာ လုံးဝ ရောင်းထုတ်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ၂၀၂၂ ခုနှစ် နွေရာသီမှာ ပေါ်တို ကနေ ပီအက်စ်ဂျီ ကို ယူရို ၄၁.၅ သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဗစ်တင်ညာဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီရဲ့ ဖလားသုံးလုံး အောင်ပွဲ အတွက် အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဗစ်တင်ညာဟာ ပီအက်စ်ဂျီ အတွက် ၄ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၅၆ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းကာ၊ ၁၄ ဂိုး ဖန်တီးပေးထားပါတယ်။ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက်တော့ ၂၉ ပွဲ ပါဝင်ကစားထားပါတယ်။
ဒါ့အပြင် ဗစ်တင်ညာက လက်ရှိမှာ အသင်း ဥက္ကဋ္ဌ အဲလ်ခီလိုင်ဖီ၊ အားကစား ဒါရိုက်တာ လူးဝစ္စ ကမ်ပို့စ် အပြင် အသင်း နည်းပြ လူးဝစ္စ အန်နရီကေး တိုရဲ့ သဘောအကျဆုံး ကစားသမား ဖြစ်နေတာကြောင့်လည်း အသင်း ပြောင်းရွှေ့နိုင်ခြေ နည်းလွန်းတဲ့ ကစားသမား ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက သုံးသပ်ထားပါတယ်။
လာလီဂါ ထိပ်သီး တို့ဟာ ရီးရဲလ်မက်ဒရစ်ဟာ ဗစ်တင်ညာကို ပစ်မှတ်ထားနေပေမယ့် ပီအက်စ်ဂျီဟာ ဒီနွေမှာ ဘယ်လောက် ပြောင်းရွှေ့ကြေးပေးပေး ရောင်းထုတ်မှာ မဟုတ်ကြောင်း သိရပါတယ်။ ဗစ်တင်ညာ ကတော့ ပီအက်စ်ဂျီနဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် လာမယ့် နှစ် နွေရာသီ မှာတော့ ယူရို သန်း ၉၀ နဲ့ ထွက်ခွာနိုင်မယ့် လျော်ကြေး စာချုပ် ပါဝင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေက မမှန်ကန်ကြောင်း ရိုမာနိုက အတည်ပြုထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.