ဘာစီလိုနာ တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ သူ့အနေနဲ့ လာလီဂါ ကလပ်ကို အပြီးသတ် ပြောင်းရွှေ့လိုကြောင့် ထပ်မံ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကနေ ဘာစီလိုနာကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတဲ့ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားဟာ ဘာစီလိုနာမှာ ပျော်ရွှင်နေတာကြောင့် အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ကို တစ်ရာသီ အငှားစာချုပ်နဲ့သာ ချုပ်ဆို ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် သက်တမ်း ပြည့်ချိန်မှာ ယူရို ၃၅ သန်းနဲ့ အပြီးသတ် ဝယ်ယူနိုင်မယ့် သဘောတူညီချက်လည်း ရှိထားပါတယ်။ ရက်ရှ်ဖိုဒ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပေမယ့်လည်း နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်နဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီက ဆောင်းရာသီ အပြောင်းအရွှေ့မှာ အက်စတွန်ဗီလာဆီ အငှားထွက် ကစားခဲ့ရပါတယ်။ ဒါ့အပြင် ဗီလာနဲ့ သက်တမ်းပြည့်ချိန်မှာလည်း ရက်ရှ်ဖို့ဒ်က ယူနိုက်တက် အတွက် နေရာမှာ မရှိတော့တာကြောင့် ဒီနွေမှာတော့ ဘာစီလိုနာဆီကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ၂၀၁၅ ကနေ ၂၀၂၅ ခုနှစ် အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၄၂၆ ပွဲ အထိ ကစားပေးခဲ့ပြီး ၁၃၈ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အစောပိုင်းမှာ ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သူ့ရဲ့ ပျင်းရိမှုတွေနဲ့ ကလပ်နဲ့ အဆင်မပြေ ဖြစ်မှုတွေကြောင့် မန်ချက်စတာမြေကို စွန့်ခွာဖို့ ဖြစ်ခဲ့ရတာပါ။

လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာ အတွက် ၁၂ ပွဲ ကစားရာမှာ ၅ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးကာ ခြေစွမ်းပြနေပြီး အသင်းမှာ ပျော်ရွှင်နေတာကြောင့် အပြီးသတ် စာချုပ်ချုပ်ဆိုလိုကြောင်း ပြောကြားခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ လာလီဂါ မှာတော့ ၉ ပွဲ ပါဝင်ကစားခွင့်ရထားပြီး ၁ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရက်ရှ်ဖို့ဒ်က ပိုမို ခြေစွမ်းပြနေတာ တွေ့ရပြီး ၃ ပွဲ ကစား၊ ၄ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးထားပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကြားရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း အိုလံပီယာကော့စ် ဘက်ကို ၂ ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။
ဒီလို ကလပ် အသစ်မှာ စိတ်သစ်လူသစ်နဲ့ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ရက်ရှ်ဖို့ဒ်က “ကျွန်တော် တစ်နေရာတည်းမှာ နှစ်ပေါင်းများစွာ နေခဲ့တာပါ။ ဒါကြောင့် အပြောင်းအလဲ လုပ်ဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာနဲ့ ပထမဦးဆုံး ဆွေးနွေးဖူးတာ မဟုတ်ပေမယ့် ဒီတစ်ကြိမ်က မှန်ကန်တဲ့ အချိန် ဖြစ်တယ်လို့ ထင်ပါတယ်။ ဒီအသင်းမှာ ကျွန်တော် ပျော်ရွှင်နေပြီး ဘာစီလိုနာဟာ ဘောလုံးကို ချစ်အောင် လုပ်ဆောင်ပေးတဲ့ အသင်း တစ်သင်းလို့လည်း ကျွန်တော် ထင်ပါတယ်။ ဒီမှာ ကျွန်တော် ဆက်ရှိသွားဖို့ မျှော်လင့်ပါတယ်။” လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာ ကတော့ အခုတစ်ပတ် လာလီဂါမှာ ခါးသီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ အဲလ်ကလက်ဆီကိုဒါဘီ ကစားရဖို့ ရှိနေပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဒီပွဲမှာ လက်တလော ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းမှာပဲ အသုံးပြုလာဖွယ်တော့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
 
					 
										 
										 
										 
										 
										 
										 
			 
							 
							 
							 
							 
									 
				 
		

