နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဓိက ကွင်းလယ်လူကို ပက်ဒရီကို ၁ လလောက် ဆုံးရှုံးရဦးမယ့် ဘာစီလိုနာ | လာလီဂါ

ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ နောက်ထပ် အဓိက ကစားသမား တစ်ဦးကို လက်လွှတ်ထားရဦးမှာ ဖြစ်ပါတယ်။ စပိန် ကွင်းလယ် ကြယ်ပွင့် ပက်ဒရီဟာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူရမှာ ဖြစ်ပြီး သတင်းတွေအရ ဆိုရင်တော့ ချဲလ်ဆီးနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် အပါအဝင် အသင်းရဲ့ ပွဲစဉ် တော်တော်များများကို လွဲချော်တော့မယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ် အရွယ် ပက်ဒရီဟာ ဘယ်ဘက် ပေါင်မှာ ပြင်းထန်တဲ့ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ၁ လလောက် အနားယူရဖို့ ရှိနေတယ်လို့ စပိန် သတင်းစာ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ ပက်ဒရီဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ အဲလ်ကလက်ဆီကို ဒါဘီ ပွဲပြီးခါနီးမှာ မောပန်းနေတာကြောင့် အင်တိုက်အားတိုက် ဆက်လက် မကစားနိုင်ပဲ နာကျင် အချိန်ပို အရောက် မှာတော့ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

လက်ရှိ မှာတော့ ပက်ဒရီက ဒဏ်ရာကြောင့် ၁ လလောက် အနားယူရမှာ ဖြစ်ကာ အဲလ်ချီ (လာလီဂါ)၊ ကလပ် ဘရုဂေး (ချန်ပီယံလိဂ်)၊ ဆဲလ်တာဗီဂို (လာလီဂါ)၊ ဘီလ်ဘာအို (လာလီဂါ)၊ ချဲလ်ဆီး (ချန်ပီယံလိဂ်)၊ အက်တလက်တီကိုမက်ဒရစ် (လာလီဂါ) ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေပါတယ်။ ဒါကြောင့် ဘာစီလိုနာ ကတော့ ပက်ဒရီ မပါဝင်ပဲ ပြည်တွင်းနဲ့ ဥရောပ ပွဲကြပ်တွေကို ဆက်တိုက် ကစားရတော့မှာ ဖြစ်ပါတယ်။

ပက်ဒရီဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၅၉ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။
ရလဒ်ကောင်းဖို့ လိုနေချိန်မှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ

ပက်ဒရီဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၅၉ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားလေးက ဒီရာသီမှာလည်း ဘာစီလိုနာ အတွက် ၁၃ ပွဲ ကစားကာ ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပြီး အရေးပါတဲ့ ကွင်းလယ်လူ တစ်ဦး အဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပက်ဒရီဟာ ဘာစီလိုနာရဲ့ ကွင်းလယ်ရဲ့ မရှိမဖြစ် အင်ဂျင် တစ်လုံး အဖြစ် သတ်မှတ်ခံရထားရသလို ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၃ ပွဲစလုံး ပါဝင် ကစားခဲ့တာက ဘာစီလိုနာ ကစားသမားတွေထဲမှာ မိနစ် အများဆုံး ကစားခဲ့သူ အဖြစ် မှတ်တမ်းဝင်နေစေပါတယ်။ 

လက်ရှိ ပက်ဒရီရဲ့ ဒဏ်ရာ သတင်းက ဘာစီလိုနာ အတွက် ထိုးနှက်ချက် ဖြစ်နေချက် ဖြစ်ခဲ့ပေမယ့် ၄၁ ပွဲ ဆက်တိုက် ကစားထားရတဲ့ ပက်ဒရီ အတွက်တော့ လုံလောက်တဲ့ အနားယူချိန် ရရှိတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာမှာ ပက်ဒရီ အပြင် လီဝမ်ဒေါစကီး၊ ရာဖင်ညာ၊ ဒန်နီ အော်လမို၊ ယိုအန် ဂါစီယာ၊ ခရစ္စတန်ဆင်၊ ဂါဗီ၊ တာ စတီဂျန် တို့လည်း ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လီဝမ်ဒေါစကီး ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်တာကြောင့် တနင်္ဂနွေနေ့ အဲလ်ချီနဲ့ ကစားမယ့် ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အဓိက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၂-၁နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၅ မှတ် အထိ ကွာဟနေခဲ့ပါတယ်။ ဒါကြောင့် ရလဒ်ကောင်းတွေ ပြန်လည် ရှာဖွေဖို့ ကြိုးစားရမယ့် အချိန်မှာ ပက်ဒရီ အပါဝင် အဓိက ကစားသမား အများအပြား ဒဏ်ရာရနေခြင်းက နည်းပြ ဟန်ဆီ ဖလစ်ခ် အတွက်တော့ ခေါင်းကိုက်စာရာ ဖြစ်နေခဲ့ပြီလို့ပဲ ဆိုရပါမယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်