နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နည်းစနစ်ပိုင်း အပြောင်းအလဲ အတွက် ရက်ရှ်ဖို့ဒ်ကို လူစားလဲခဲ့ရကြောင်း ရှင်းပြခဲ့တဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ မနေ့ညက လီဗန်တေးနဲ့ လာလီဂါ ပွဲစဉ်မှာ ပထမဆုံး အကြိမ် အဖြစ် ပွဲထွက်ကစားခွင့် ရခဲ့ပေမယ့် ပွဲချိန် ၄၅ မိနစ်သာ ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက ခက်ခက်ခဲခဲ နောက်ကနေ လိုက်ကစားခဲ့ရပြီး ၂-၃ ရလဒ်နဲ့ Comeback နိုင်ပွဲ ရရှိခဲ့ပါတယ်။

အိမ်ရှင် လီဗန်တေးက ၅-၄-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာ ကတော့ ၄-၂-၃-၁ နဲ့ အတူ ဖာရန်း တောရက်စ်၊ ရာဖင်ညာ၊ လာမင်း ယာမယ်၊ ပက်ဒရီ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်ခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာ လီဗန်တေးက ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့လို့ ဖလစ်ခ်က နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်။ လီဗန်တေးရဲ့ ဦးဆောင်ဂိုးတွေ ကိုတော့ ရိုမီယိုနဲ့ မိုရာလက်စ် တို့က ပထမပိုင်းမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ဟန်ဆီ ဖလစ်ခ်က နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးတော့ မှန်ကန်ခဲ့တယ် လို့ပဲ ဆိုရမှာ ဖြစ်ပြီး ဒန်နီ အော်လမိုနဲ့ ဂါဗီတို့ ဝင်ရောက်လာချိန်မှာတော့ ဘာစီလိုနာက ပိုကောင်းတဲ့ တိုက်စစ် ကစားပုံနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိုး နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ရခြင်းနဲ့ ပတ်သတ်လို့ ဟန်ဆီ ဖလစ်ခ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းဟာ လာလီဂါ အဖွင့် ပွဲစဉ် မှာလည်း မာယော့ကာကို ပွဲချိန် မိနစ် ၆၀ နီးပါး ကစားသမား ၂ ဦး အသာနဲ့ ကစားခဲ့ရပေမယ့် မနှစ်ကလို ခြေစွမ်းမျိုးတော့ အပြည့်အဝ ပြန်မမြင်ရသေးပါဘူး။
ရာသီသစ် စတင်နေပေမယ့် အကောင်းဆုံး ပုံစံ ပြန်မရသေးတဲ့ ဘာစီလိုနာ

ဟန်ဆီ ဖလစ်ခ်က “မားကပ်စ် (ရက်ရှ်ဖို့ဒ်)ဟာ ပထမပိုင်းမှာ သူ ဘယ်လောက် ကောင်းပြီး ကျွန်တော် တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ ဆိုတဲ့ အခိုက်အတန့် တချို့ကို ပြသသွားခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဒုတိယပိုင်းမှာ တစ်စုံတစ်ရာ ပြောင်းလဲခဲ့ရပါတယ်။ သူက ကျွန်တော်တို့ ဘယ်လို ကစားမလဲ၊ ဘာတွေ လိုအပ်သလဲ ဆိုတဲ့ အရာရာတိုင်းကို သိပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ ပြောင်းလဲမှု လုပ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း အစမှာပဲ ဂိုးသွင်းနိုင်တာဟာ တကယ့်ကို အကူအညီ ဖြစ်စေပြီး နည်းဗျူဟာပိုင်းကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာက ပွဲစအပိုင်းမှာ လီဝမ်ဒေါစကီးကို မသုံးပဲ ဖာရန်း တောရက်စ်ကို အထောင်ထားခဲ့ပါတယ်။ ပထမပိုင်း အပြီး မှာတော့ ရက်ရှ်ဖို့ဒ်နဲ့ ကာဆာဒိုတို့ နေရာမှာ အော်လမို၊ ဂါဗီ တို့ကို လူစားလဲ ကစားစေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အတွက် ဂိုးတွေ ကတော့ ၄၉ မိနစ်မှာ ပက်ဒရီ၊ ၅၂ မိနစ်မှာ ဖာရန်း တောရက်စ်၊ ၉၀+၁ မိနစ် မှာတော့ အဲလ်ဂီဇာဘယ် (OG) ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ လာလီဂါ အဖွင့် ပွဲစဉ် ၂ ပွဲ ကစားအပြီး မှာတော့ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဦးဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းဟာ လာလီဂါ အဖွင့် ပွဲစဉ် မှာလည်း မာယော့ကာကို ပွဲချိန် မိနစ် ၆၀ နီးပါး ကစားသမား ၂ ဦး အသာနဲ့ ကစားခဲ့ရပေမယ့် မနှစ်ကလို ခြေစွမ်းမျိုးတော့ အပြည့်အဝ ပြန်မမြင်ရသေးပါဘူး။ဘာစီလိုနာဟာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာတော့ ရေယို ဗလက်ကာနိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး လီဗန်တေး ကတော့ အဲလ်ချီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်