လာလီဂါအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
လာလီဂါကလပ်ဘာစီလိုနာကတော့ခြေစွမ်းပြကွင်းလယ်လူပီဒရီကိုအသင်းမှာဆက်ထိန်းထားဖို့အတွက်ကြိုးစားသွားမယ်လို့သိရပါတယ်။ဒီစပိန်ကြယ်ပွင့်ကိုတော့မန်ချက်စတာစီးတီးကယူရိုသန်း၂၀၀နဲ့ကမ်းလှမ်းမှုပြုလုပ်သွားဖို့ရှိနေပါတယ်။
ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကတော့အင်တာမီလန်နောက်ခံလူယန်းဘစ်ဆက်ခ်ကိုခေါ်ယူဖို့ကြိုးပမ်းနေကြောင်းFichajesကဖော်ပြလာပါတယ်။အသက်၂၄နှစ်အရွယ်ဂျာမနီဗဟိုခံစစ်မှူးလေးကတော့အင်တာမီလန်အတွက်၅၇ပွဲကစားကာ၄ဂိုးသွင်းယူပြီးခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။
လာလီဂါထိပ်သီးရီးရဲလ်မက်ဒရစ်ကတော့ကစားသမား၃ဦးရဲ့အပြောင်းအရွှေ့တွေကိုမကြာခင်မှာအပြီးသတ်သွာားဖို့ရှိနေကြောင်းသိရပါတယ်။ဒီကစားသမားတွေကတော့လစ်ဗာပူးလ်ကထရန့်အလက်ဇန္တားအာနိုးလ်၊ဂီရိုနာကမီဂွဲလ်ဂူတီယာရက်ဇ်နဲ့ကိုမိုကနီကိုပက်ဇ်တို့ဖြစ်ပြီးရီးရဲလ်မက်ဒရစ်ကမကြာခင်မှာအပြီးသတ်ခေါ်ယူတော့မှာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကတော့ဒီနွေရာသီမှာဂျော်ဂျင်ဟိုနဲ့သောမတ်စ်ပါတေးတို့ရဲ့နေရာမှာအစားထိုးဖို့အတွက်ကမ္ဘာ့အဆင့်မှီကွင်းလယ်ကစားသမားတစ်ဦးကိုခေါ်ယူဖို့စီစဉ်နေပါတယ်။သတင်းတွေအရဆိုရင်တော့အာဆင်နယ်ရဲ့ပစ်မှတ်တွေထဲမှာဘရူနိုဂီမာရေ့စ်နဲ့မာတင်ဇူဘီမန်ဒီတို့နှစ်ဦးစလုံးထိပ်ဆုံးကပါဝင်နေကြောင်းသိရပါတယ်။သတင်းတွေမှာတော့စပိန်ကွင်းလယ်လူမာတင်ဇူဘီမန်ဒီဟာအာဆင်နယ်နဲ့ဘေယန်မြူးနစ်တို့ရဲ့စိတ်ဝင်စားမှုတွေကိုလျစ်လျူရှုပြီးတော့ရီးရဲလ်မက်ဒရစ်ကိုပိုမိုပြောင်းရွှေ့ချင်နေကြောင်းသိရပါတယ်။
နယူးကာဆယ်ယူနိုက်တက်ဟာအနေနဲ့အလက်ဇန္တားအိဆက်ခ်ကိုလစ်ဗာပူးလ်သို့မဟုတ်သို့မဟုတ်တခြားစိတ်ဝင်စားတဲ့ကလပ်တွေကိုပြောင်းရွှေ့နိုင်ဖို့အတွက်စျေးလျှော့ပေးသွားမှာဖြစ်ကြောင်း Football Insider ကဖော်ပြပါတယ်။
ချဲလ်ဆီးအစ်ပ်ဆွစ်ချ်တောင်းတိုက်စစ်မှူးလီယမ်ဒီလက်ပ်ကိုခေါ်ယူချင်နေပေမယ့်စီးရီးအေကလပ်ဂျူဗင်တပ်စ်ရဲ့အံ့အားသင့်ဖွယ်စိတ်ဝင်စားလာမှုကြောင့်အပြောင်းအရွှေ့ဟာမထင်မှတ်ပဲရှုပ်ထွေးသွားဖို့ရှိနိုင်ကြောင်းTuttosportကဖော်ပြပါတယ်။
လာလီဂါကလပ်ဘာစီလိုနာဟာရော်နယ်အာရူဟိုနဲ့ဖာရန်းတောရက်စ်တို့ကိုရောင်းထုတ်ပြီးတော့စပို့တင်းလစ္စဘွန်းတိုက်စစ်မှူးကိုခေါ်ယူဖို့လိုအပ်နေတဲ့ပြောင်းရွှေ့ကြေးယူရို၆၅သန်း (ပေါင်၅၅.၇သန်း) အတွက်အသုံးချဖို့ရှိနေပါတယ်။ယိုကီးရက်စ်ကိုတော့ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်၊မန်ချက်စတာယူနိုက်တက်တို့အပြင်ဘာစီလိုနာကလည်းအသည်းအသန်လိုချင်နေတာဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.