လာလီဂါ ချန်ပီယံ တို့ကတော့ ဒီနွေရာသီ အတွက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားတော့မှာ မဟုတ်ပေမယ့် အပြောင်းအရွှေ့ အတွင်းမှာ အလုပ်တွေ ရှုပ်နေရဦးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ကစားသမားသစ်တွေ ဖြစ်တဲ့ ယိုအန် ဂါစီယာနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကို လာလီဂါမှာ မှတ်ပုံတင်နိုင်ဖို့ အတွက် အသင်းရဲ့ ကစားသမား တချို့ကို ရှင်းထုတ်ရဦးမှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အသင်း ကနေ ကစားသမားတွေ ရောင်းထုတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဘာစီလိုနာက သူတို့ ခေါ်ယူထားတဲ့ ကစားသမားသစ် နှစ်ဦး အပြင် ဒီနွေရာသီအပြောင်းအရွှေ့ မပိတ်ခင်မှာ အဓိက ကစားသမား ၆ ဦးကို စီနီယာအသင်းရဲ့ လူစာရင်းမှာ အချိန်မီ မှတ်ပုံတင်နိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
လက်ရှိမှာ ကလပ် အတွက် မဖြစ်မနေ မှတ်ပုံတင်ရမယ့် ကစားသမား ၃ ဦး ရှိနေပြီး အက်စ်ပန်ညို ကနေ ပြောင်းရွှေ့လာတဲ့ ဂိုးသမား ယိုအန် ဂါစီယာ၊ မန်ချက်စတာယူနိုက်တက် ကနေ ပြောင်းရွှေ့လာတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုထားခဲ့တဲ့ ဂိုးသမား ဝေါ့ရှက် ရှက်ဇီနီ တို့ပဲ ဖြစ်ပါတယ်။ အကယ်၍ ဘာစီလိုနာသာ ဂါစီယာနဲ့ ရှက်ဇီနီကို စာရင်းမသွင်းနိုင်ခဲ့ရင်တော့ လာလီဂါမှာ သူတို့ အသုံးပြုနိုင်မယ့် ဂိုးသမားက အင်နာကီ ပီနာ တစ်ဦးတည်းသာ ရှိတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာက လူငယ်ကြယ်ပွင့် ၃ ဦး ကိုလည်း စီနီယာ အသင်းကြီး ကစားသမား အဖြစ် တရားဝင် မှတ်ပုံတင်ပြီး အသင်းကြီး ကစားသမားတွေ အဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ် ရှိနေပါသေးတယ်။ ဒီကစားသမား ၃ ဦး ကတော့ ဂျရတ် မာတင်၊ ဂျိုဖရီ တောရန့်စ်နဲ့ ရွန်နီ ဘက်ဂျီ တို့ပဲ ဖြစ်ပါတယ်။ နောက်ခံလူ ဂျိုဖရီ တောရန့်စ် ကတော့ ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် နည်းပြ ဟန်ဆီ ဖလစ်ခ်က တော်တော်လေး သဘောကျနေပြီး ဂျရတ် မာတင် ကိုတော့ အသင်းကြီး အတွက် ဆက်လက် ထိန်းသိမ်းသွားဖို့ အစောပိုင်း ကတည်းက စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရတဲ့ ကွင်းလယ်လူ မာ့ခ် ဘာနဲလ် ကိုလည်း ဘာစီလိုနာက စီနီယာ အသင်းကြီးမှာ အသုံးပြုချင်နေပါသေးတယ်။ ဒါကြောင့် လာလီဂါ ကလပ်ဟာ တိုက်စစ်မှူးလေး ရွန်နီ ဘက်ဂျီ ကိုတော့ နောက်ဆုံးမှသာ မှတ်ပုံတင်ဖို့ ကြိုးပမ်းဖွယ် ရှိပါတယ်။
ဘာစီလိုနာဟာ ဒီလူငယ် ကစားသမား အားလုံးကို အသင်းကြီး အတွက် ကျောနံပါတ် ကိုယ်စီပေးသွားဖို့လည်း အစီအစဉ် ရှိနေပါတယ်။ ဒါတွေ အားလုံး လုပ်ဆောင်နိုင်ဖို့ အတွက် ဆိုရင်တော့ ဘာစီလိုနာ အနေနဲ့ လာမယ့် ရက်ပိုင်း အတွင်းမှာ ကစားသမားတွေကို ရောင်းထုတ်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ ရာသီသစ် မတိုင်ခင် ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီး အာရှ ကလပ်တွေ ဖြစ်တဲ့ ဗစ်ဆယ် ကိုဘေး၊ ဆိုးလ်အက်ဖ်စီနဲ့ ဒေဂူးအက်ဖ်စီ တို့ကို ဂိုးပြတ်တွေချည်း အနိုင်ရထားပါတယ်။ ဘာစီလိုနာက စီးရီးအေ ကလပ် ကိုမိုနဲ့ ခြေစမ်းပွဲ ကစားဖို့ ကျန်ရှိနေပြီး လာလီဂါ အဖွင့် ပွဲစဉ် အဖြစ် မာယော့ကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.