နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တာစတီဂျန်ကို အသင်းခေါင်းဆောင် လက်ပတ် ပြန်ပေးလိုက်ပြီ ဖြစ်တဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ ဂိုးသမား မာ့ခ် အန်ဒရီ တာ စတီဂျန်ကို အသင်းခေါင်းဆောင် အဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် တာစတီဂျန်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ကျောဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့တာနဲ့ ပတ်သက်ပြီး ဘာစီလိုနာနဲ့ အငြင်းပွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ် ကတော့ ဂျာမန် လက်ရွေးစင် ဂိုးသမား တာစတီဂျန်ဟာ သူ့ရဲ့ ဆေးမှတ်တမ်းကို လာလီဂါ အဖွဲချုပ်ထံ ပေးပို့ဖို့ အတွက် ကလပ်ကို ခွင့်ပြုဖို့ ဆန္ဒမရှိခဲ့ကြောင်း သိရပါတယ်။ တာစတီဂျန်က ဒဏ်ရာ ခွဲစိတ်မှုကြောင့် ၃ လ အနားယူရမှာ ဖြစ်ကြောင်း ကြေညာခဲ့ပြီး လာလီဂါရဲ့ စည်းမျဉ်းတွေအရ အနည်းဆုံး ၄ လ အနားယူရမှသာ ကာလရှည်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ တာစတီဂျန်ကို ရာသီဝက် အထိ အနားယူခိုင်းနိုင်ရင် သူ့ရဲ့ လစာငွေ ၈၀ ရာခိုင်နှုန်းခန့် လျော့ချပေးချေနိုင်မှာ ဖြစ်ပြီး တခြားသော ကစားသမားတွေကို မှတ်ပုံတင်ဖို့ ဘဏ္ဍာငွေ တိုးလာနိုင်မှာလည်း ဖြစ်ပါတယ်။

သောကြာနေ့ အစောပိုင်းက ဆိုရှယ်မီဒီယာပေါ်မှာ တာစတီဂျန်က သူ့အနေနဲ့ ဒီကိစ္စရပ်ကို ဖြေရှင်းဖို့နဲ့ တောင်းဆိုထားတဲ့ ခွင့်ပြုချက်ပေးဖို့ အတွက် ကလပ်ရဲ့ စီမံခန့်ခွဲမှုနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ဒါ့အပြင် ဂျာမန်သားက “ကျွန်တော့်ရဲ့ ခွဲစိတ်မှု မတိုင်ခင် ကလပ်ရဲ့ ခေါ်ယူမှုနဲ့ စာချုပ်သက်တမ်းတိုးမှု အားလုံး ပြီးမြောက်ခဲ့တယ် ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြချင်ပါတယ်။” လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး “ခက်ခဲတဲ့ အခိုက်အတန့်တွေက တင်းမာမှုတွေ ဖြစ်စေနိုင်တယ် ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ တာဝန်ယူမှုတွေ ကနေ တဆင့် ဒီအခြေအနေကို အပြုသဘောနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖြစ်စဉ် ကတော့ ဂျာမန် လက်ရွေးစင် ဂိုးသမား တာစတီဂျန်ဟာ သူ့ရဲ့ ဆေးမှတ်တမ်းကို လာလီဂါ အဖွဲချုပ်ထံ ပေးပို့ဖို့ အတွက် ကလပ်ကို ခွင့်ပြုဖို့ ဆန္ဒမရှိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ကျောဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူထားရတဲ့ တာစတီဂျန်

ဘာစီလိုနာက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တာစတီဂျန်ကို အသင်းခေါင်းဆောင် ရာထူး ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရက်ပိုင်း အတွင်းမှာတော့ အသင်း တာဝန်ရှိသူတွေက ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အသင်း ခေါင်းဆောင် လက်ပတ်ကို ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

တာစတီဂျန်ဟာ ၂၀၁၄ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် မိုချန်ဂလာဘတ် ကနေ လာလီဂါကို ရောက်ရှိလာပြီး ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀၀ ကျော် ကစားပေးခဲ့သူပါ။ ဒါ့အပြင် တာစတီဂျန်က ဘာစီလိုနာနဲ့ အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါ ချန်ပီယံဆုကို ၆ ကြိမ် အထိ ရရှိထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနွေရာသီမှာ ဘာစီလိုနာက ဂိုးသမားသစ် ယိုအန် ဂါစီယာကို ခေါ်ယူလိုက်တာကြောင့် တာစတီဂျန် အနေနဲ့ ကတ်တာလိုးနီးယားမှာ အနာဂတ် မသေချာ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ တာစတီဂျန်က ဘာစီလိုနာနဲ့ အနာဂတ် မသေချာဖြစ်သည့်တိုင်အောင် ကတ်တာလန် ကလပ် မှာပဲ ဆက်နေချင်ကြောင်း ဖွင့်ဟထားသူလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ဘာစီလိုနာက သူတို့ ခေါ်ယူထားတဲ့ ကစားသမားသစ် နှစ်ဦး အပြင် ဒီနွေရာသီအပြောင်းအရွှေ့ မပိတ်ခင်မှာ အဓိက ကစားသမား ၆ ဦးကို စီနီယာအသင်းရဲ့ လူစာရင်းမှာ အချိန်မီ မှတ်ပုံတင်နိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ လက်ရှိမှာ ကလပ် အတွက် မဖြစ်မနေ မှတ်ပုံတင်ရမယ့် ကစားသမား ၃ ဦး ရှိနေပြီး အက်စ်ပန်ညို ကနေ ပြောင်းရွှေ့လာတဲ့ ဂိုးသမား ယိုအန် ဂါစီယာ၊ မန်ချက်စတာယူနိုက်တက် ကနေ ပြောင်းရွှေ့လာတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုထားခဲ့တဲ့ ဂိုးသမား ဝေါ့ရှက် ရှက်ဇီနီ တို့ပဲ ဖြစ်ပါတယ်။ အကယ်၍ ဘာစီလိုနာသာ ဂါစီယာနဲ့ ရှက်ဇီနီကို စာရင်းမသွင်းနိုင်ခဲ့ရင်တော့ လာလီဂါ ပြိုင်ပွဲမှာ အသုံးပြုနိုင်မယ့် ဂိုးသမားက အင်နာကီ ပီနာ တစ်ဦးတည်းသာ ရှိတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်