ဩဂုတ်လ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် ပူးပေါင်းလာပြီ ဖြစ်ကြောင်း SPORT1 က ဖော်ပြခဲ့ပါတယ်။ ဒေါ့မန်က တခြား ပစ်မှတ်တွေကို စတင် ရှာဖွေလာပြီးနောက် လာလီဂါ ကလပ်က ဆန်ချိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ စတုဂတ် တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမိတ်ဒ် ကို ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာ အတွက် နှစ်ရှည် အစားထိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ တစ်ဖက် မှာလည်း ဘေယန်မြူးနစ်က ဂျာမန် လူငယ်ကစားသမားလေးကို ဒီနွေရာသီမှာ ချက်ချင်း ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ကြောင်း သိရပါတယ်။ ဘယ်လွန်ဒေါဆုရှင် အသက် ၂၉ နှစ် အရွယ် စပိန်သားက မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် စာချုပ်သက်တမ်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ မန်စီးတီး ကလည်း သူ့ကို မကြာခင်မှာ စာချုပ်သက်တမ်းတိုးနိုင်ရေး ကမ်းလှမ်းဖို့ များပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ သူ့ရဲ့ အနာဂတ် အတွက် မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။
နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကတော့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ် အတွက် ယူရို သန်း ၅၀ (ပေါင် ၄၃.၃ သန်း) နဲ့ ကမ်းလှမ်းထားကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ချန်ပီယံတွေ ကတော့ စွယ်စုံရ တောင်ပံ ကစားသမားကို အသင်း ကနေ ထွက်ခွာခွင့်ပေးသွားဖို့ မရှိပါဘူး။

အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂိုကို အငှားနဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒီစာချုပ်မှာတော့ ယူရို သန်း ၉၀ နဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ပါရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ စိတ်ဆန္ဒကသာ အဓိကကျနေဆဲ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း အာဆင်နယ်က အတ္တလန္တာ တောင်ပံ ကစားသမား အဒမ်မိုလာ လွတ်ခ်မန်းကို ပေါင် ၄၄ သန်း နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း Corriere della Sera က ဖော်ပြခဲ့ပါတယ်။ အင်တာမီလန် ကလည်း လွတ်ခ်မန်းကို ခေါ်ယူဖို့ ညှိနှိုင်းနေပေမယ့်လည်း အတ္တလန္တာနဲ့ သဘောတူညီမှု ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အတ္တလန္တာဟာ သူတို့ရဲ့ ကစားသမားကို စီးရီးအေ ကလပ်တွေဆီ ရောင်းထုတ်ဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။
ကစားသမား နှစ်ဦး ကတော့ နယူးကာဆယ်ယူနိုက်တက်ကို ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း NUFC ဘလော့ဂ်က ဖော်ပြပါတယ်။ နယူးကာဆယ်ဟာ ပေါင် ၃၅ သန်း တန်ကြေး ရှိတဲ့ ပက်ကေ့ခ်ျနဲ့ အေစီမီလန် နောက်ခံလူ မလစ်ခ် သီယောကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ယိုအာနေး ဝစ်ဆာ ကိုလည်း အလားတူ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ လူငယ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာကို ၂၀၃၀ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးလိုက်ပါတယ်။ အသက် ၂၁ နှစ် အရွယ် ဂွန်ဇာလို ဂါစီယာ ကတော့ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ် အရန် အသင်းမှာ စတင် ကစားခဲ့ပြီး ဒီရာသီ မှာတော့ ပထမ အသင်းမှာ ကစားခွင့်ရခဲ့ပါတယ်။ သူဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ကာ ဂိုးသွင်း အများဆုံး ကစားဆုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.