အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ ဂျူဗင်တပ်စ် တောင်ပံ ကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အလွန် စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ တူရကီသားကို ခေါ်ယူချင်ရင်တော့ ယူရို ၁၀၀ သန်း (ပေါင် ၈၇.၁ သန်း၊ ဒေါ်လာ ၁၁၆.၁ သန်း) သုံးစွဲရဖို့ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ ကီလီယန် အမ်ဘာပေးက လွဲလို့ ကျန်ကစာသမား တော်တော်များများကို အရောင်းစာရင်းမှာ ထည့်သွင်းရဖို့ ရှိနေပါတယ်။
နောက်ထပ် နည်းလမ်း တစ်ခု ကတော့ ရီးရဲလ်မက်ဒရစ်ဟာ ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အတွက် သူတို့ အသင်းမှာ နေရာ မရဖြစ်နေတဲ့ အန်းဒရစ်ခ်နဲ့ အလဲအလှယ် လုပ်ဖို့ ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အန်းဒရစ်ခ်ရဲ့ ကိုယ်စားလှယ်တွေ ကတော့ မကြာသေးမီက မက်ဒရစ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဇန်နဝါရီလမှာ အငှားစာချုပ်ဖြင့် ထွက်ခွာဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ် ကစားသမား ကတော့ စပိန် ကနေ ထွက်ခွာလိုနေပြီး ချန်ပီယံလိဂ် ကစားခွင့်ရတဲ့ အသင်း တစ်သင်းဆီ ပြောင်းရွှေ့ဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။
မာ့ခ် အန်ဒရီ တာစတီဂျန် ကတော့ လာမယ့် ဇန်နဝါရီလမှာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ အငှား စာချုပ်နဲ့ ထွက်ခွာဖို့ ရှိနေပါတယ်။ ဂျာမန် ဂိုးသမား ကိုတော့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း တို့က ခေါ်ယူချင်နေကြောင်း သိရပါတယ်။
အန်ဆု ဖာတီ ကတော့ မိုနာကိုမှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြနေပေမယ့် ဘာစီလိုနာ ကတော့ စပိန် လူငယ်တောင်ပံ ကစားသမားကို ကတ်တာလိုးနီးယားကို ပြန်လည် ခေါ်ယူဖို့ အစီအစဉ် မရှိကြောင်း SPORT က ဖော်ပြပါတယ်။

မန်ချက်စတာစီးတီးနဲ့ လမ်းခွဲပြီးနောက် အသင်း လက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန် ဂိုးသမား စကော့တ် ကာဆန် ကတော့ ကစားသမား ဘဝ ကနေ အနားယူပြီ ဖြစ်ကြောင်း မနေ့ကပဲ ကြေညာသွားခဲ့ပါတယ်။ စကော့တ် ကာဆန်ဟာ ၂၀၀၃ ခုနှစ်ကတည်းက လိဒ်စ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီး လစ်ဗာပူးလ် မှာလည်း ကစားခဲ့ဖူးပါတယ်။ ပွဲအများဆုံး ကစားခဲ့တဲ့ ကလပ် အသင်းတွေ ကတော့ ဒါဘီကောင်တီနဲ့ ဝက်စ်ဘရွန်းတို့ ဖြစ်ပြီး မန်စီးတီး ကိုတော့ အသက် ၃၄ နှစ် ဝန်းကျင်မှသာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ကလည်း အရန် ကစားသမား အဖြစ်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်တာကြောင့် စကော့တ် ကာဆန် အနေနဲ့ မန်စီးတီးမှာ ၁၀၇ မိနစ်သာ ကစားခွင့် ရခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ကာဆန်က မန်စီးတီး ကစားသမား ဘဝမှာ ဆုဖလား ၁၂ ခု ရရှိခဲ့ပြီး ဆုကြေးတွေ ကိုပါ ထည့်တွင်ရင် ပေါင် ၁၂ သန်းလောက် ရရှိခဲ့ကြောင်း သိရပါတယ်။ စေကာ့တ် ကာဆန်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်မှာ မန်စီးတီးနဲ့ လမ်းခွဲပြီးနောက် အသင်းသစ် မရှာဖွေတော့ဘဲ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင် နောက်ခံလူဟောင်း ဂျွန် တယ်ရီက ကစားသမားဘဝမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ကစားခဲ့ဖူးတဲ့ ချဲလ်ဆီးကို ကိုင်တွယ်ခွင့်ရရေးဟာ အိပ်မက် တစ်ခု ဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ အသက် ၄၄ နှစ် အရွယ် ကစားသမား ဘဝက အနားယူပြီးနောက် အက်စတွန်ဗီလာနဲ့ လက်စတာစီးတီး တို့မှာ လက်ထောက် နည်းပြ၊ ချဲလ်ဆီးမှာ အကယ်ဒမီ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကနေ ဘာစီလိုနာကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတဲ့ အင်္ဂလန် တိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ်က ဘာစီလိုနာနဲ့ အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပေမယ့် နည်းပြ အမော်ရင်နဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ စျေးကွက်တုန်းက အက်စတွန်ဗီလာထံ အငှားသွားရောက် ကစားခဲ့သလို၊ ဒီနွေမှာ ဘာစီလိုနာဆီ ရောက်ခဲ့တာပါ။ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို တစ်ရာသီ အငှားစာချုပ်သာ ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့် ယူရို ၃၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ရယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
 
					 
										 
										 
										 
										 
										 
										 
			 
							 
							 
							 
							 
									 
				 
		

