နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တောင့်တင်ဟမ်ဟော့စပါး ယူရိုပါလိဂ်ဖလား ရရင်တောင် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရဖွယ် ရှိနေတဲ့ အန်ဂျီ ပိုစတီကိုဂလူး

တော့တင်ဟမ်ဟော့စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး အနေနဲ့ အသင်း အတွက် ယူရိုပါလိဂ် ဖလားရယူပေးနိုင်ရင်တောင် ရာထူး ကနေ ထုတ်ပယ်ခံရဖွယ် ရှိနေကြောင်း The Telegraph က ဖော်ပြလာခဲ့ပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၇ မှတ်သာ ရရှိထားပြီး အဆင့် ၁၆ နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးဟာ ယူရိုပါလိဂ် ပြိုင်ပွဲ မှာတော့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီးတော့ ဗိုလ်စွဲနိုင်ခြေလည်း ရှိနေပါတယ်။ စပါးဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ အသင်း ကလည်း ဘိုဒို ဂလင့်ပ် ဖြစ်နေတာကြောင့် ဗိုလ်လုပွဲကို တက်လှမ်းဖို့ လမ်းကြောင်း ချောင်နေပါတယ်။ တော့တင်ဟမ်ဟော့စပါး အနေနဲ့ ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင်တော့ ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်-ဘီလ်ဘာအို ပွဲက အနိုင်ရတဲ့ အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ 

The Telegraph ရဲ့ ဖော်ပြချက်အရ ဆိုရင် တော့တင်ဟမ်ဟော့စပါး တာဝန်ရှိသူတွေ အနေနဲ့ အန်ဂျီ ပိုစတီကိုဂလူးရဲ့ စွမ်းဆောင်ရည် အပေါ် စိတ်ကုန်နေတယ်လို့ သိရပြီး ယူရိုပါလိဂ် ဖလားရရင်တောင် ဒီနွေရာသီမှာ ရာထူး ကနေ ထုတ်ပယ်ဖွယ် ရှိနေကြောင်း သိရပါတယ်။ အန်ဂျီ ပိုစတီကိုဂလူး ကတော့ နည်းပြ ဘဝမှာ ဒုတိယရာသီ ဆိုရင် ဆုဖလား ရယူနိုင်လေ့ ရှိတဲ့ အစဉ်အလာ ရှိပြီးတော့ လက်ရှိ စပါး နည်းပြဘဝ ဒုတိယရာသီ မှာတော့ ယူရိုပါလိဂ် ဖလား ရယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် ဒီဖလား ရရှိဖို့ ကလည်း ပွဲစဉ် ၃ ပွဲ ကျော်ဖြတ်ရဦးမှာ ဖြစ်သလို အခု ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ယူရိုပါလိဂ် ဖလား ကလည်း ပိုစတီကိုဂလူးကို ကယ်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီဖလား ရရှိဖို့ ကလည်း ပွဲစဉ် ၃ ပွဲ ကျော်ဖြတ်ရဦးမှာ ဖြစ်သလို အခု ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ယူရိုပါလိဂ် ဖလား ကလည်း ပိုစတီကိုဂလူးကို ကယ်နိုင်မှာ မဟုတ်ပါဘူး။
ဒုတိယမြောက် ရာသီ ရောက်တိုင်း ဆုဖလား ရယူနိုင်လေ့ရှိတဲ့ အန်ဂျီ ပိုစတီကိုဂလူး

အန်ဂျီ ပိုစတီကိုဂလူး အနေနဲ့ အစောပိုင်း မှာကတည်းက စပါး နည်းပြ ရာထူး အတွက် စိုးရိမ်မှုတွေ ရှိနေကြောင်း ဖွင့်ဟထားခဲ့ပါသေးတယ်။ ပိုစတီကိုဂလူးက သူ့အနေနဲ့ စိတ်ပူကြောင်း ဒါပေမယ့် ဘယ်အလုပ်ကမှ အာမခံချက် မရှိကြောင်း နည်းပြတွေ အတွက် သတ်မှတ်ထားတဲ့ ကာလ ဆိုတာလည်း မရှိကြောင်း သို့ပေမယ့်လည်း နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရမယ် လို့တော့ တစ်ချိန်လုံး စိတ်ပူနေလို့ မရကြောင်း လုပ်စရာ ရှိတာ ဆက်လုပ်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

ဩစတြေးလျ လူမျိုး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ တော့တင်ဟမ်ဟော့စပါးကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးက သူရဲ့ စပါး နည်းပြ ဘဝ ပွဲဦးထွက်ရာသီ အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်စေခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိစေခဲ့ပါတယ်။ ပိုစတီကိုဂလူးဟာ အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ မဆိုးလှတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပေမယ့် ဒုတိယမြောက် ရာသီ မှာတော့ ရုန်းကန်နေရတာကြောင့် အသင်း ပရိသတ်တွေရော၊ တာဝန်ရှိသူတွေ ကပါ စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အဖြစ် လစ်ဗာပူးလ်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ၊ ဘရိုက်တန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ စပါး အနေနဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၁၀ သင်း နေရာ ဝင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်