နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ကနေ လိုက်ကစားပြီး အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ဒုတိယနေ့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ပီအက်စ်ဂျီက အက်စတွန်ဗီလာကို ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဗီလာကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ပြတ်သားတဲ့ ရလဒ် တစ်ခုနဲ့ ဆီမီးဖိုင်နယ်ကို ခြေတစ်ဖက် လှမ်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။

လူးဝစ္စ အန်နရီကေးရဲ့ ပီအက်စ်ဂျီက ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဒွန်နာရမ်းမား၊ ဘာရဲလ်ဒို၊ ပါချို၊ ဟာကီမီ၊ မန်းဒက်စ်၊ ဗစ်တင်ဟာ၊ နီးဗက်စ်၊ ရူအစ်ဇ်၊ ခါဗရာစခီလီယာ၊ ဒမ်ဘီလီ၊ ဒူရေး တို့ ပါဝင်ကစားခဲ့ကြပါတယ်။ ဗီလာ ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ အတူ ရက်ရှ်ဖို့ဒ်ကို အထောင်ထားကာ မက်ဂင်းန်၊ ရော်ဂျာစ်၊ ရမ်ဆေး၊ ကာမာရာ၊ တေးလီမန့်စ်၊ ပါအူ၊ ကွန်ဆာ၊ ကတ်ရှ်၊ ဒစ်ဂ်နီး၊ မာတီနက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပွဲစကတည်းက ဗီလာ ဘက်ကို တရစပ် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ပထမပိုင်း တစ်ပိုင်းမှာတင်ပဲ ဂိုးပေါက် ကန်ချက် ၁၅ ကြိမ် အထိ ပြလုပ်နိုင်ခဲ့ကာ ဂိုးပေါက် တည့်မှု ၆ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါတောင် ဂိုးသမား အမ်မီ မာတီနက်ဇ် ကာကွယ်နေလို့သာ အက်စတွန်ဗီလာတို့ သက်သာနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးဆောင်ဂိုး ရရှိသွားခဲ့တာက ဗီလာ ဖြစ်ပြီး ပီအက်စ်ဂျီတို့ တိုက်စစ် အလွန်အကျွံ ကစားနေရာ ကနေ ကောင်တာ ပေါက်သွားပြီး မက်ဂင်းန် ကနေ တေးလီမန့်စ်၊ တေးလီမန့်စ် ကနေ မော်ဂန် ရော်ဂျာစ် အချိတ်အဆက်မိမိနဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဗီလာက ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရေး မျှော်လင့်ချက် ခပ်ရေးရေးတော့ ရှိနေပါသေးတယ်။
ဒုတိယအကျော့မှာ ပေါ့ဆလို့ မရသေးတဲ့ ပီအက်စ်ဂျီ

ဗီလာဟာ ပထမပိုင်း တစ်ပိုင်းလုံးမှ ဂိုးပေါက် ကန်ချက် ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် အခွင့်အရေးကို အမိအရ အသုံးချပြီး သွင်းဂိုး ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဗီလာတို့ရဲ့ အပျော်တွေ ၄ မိနစ်တောင် မခံလိုက်ပဲ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒီဂိုး ကိုတော့ ဒီနေ့ပွဲမှာ ပြိုင်ဘက် ခံစစ်ကို စိတ်ကြိုက် မွှေနှောက်နေခဲ့တဲ့ ၁၉ နှစ်သားလေး ဒူရေးက ၁၈ ကိုက်စည်း ဒေါင့်ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကန်ချက် ကောင်းလွန်းတာကြောင့် မာတီနက်ဇ် တစ်ယောက် လှုပ်တောင် မလှုပ်လိုက်ရပဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ပီအက်စ်ဂျီက ခံစစ်ကို သတိထား ကစားသလို တိုက်စစ် ကိုလည်း ထပ်မြှင့်ခဲ့လို့ ဗီလာတို့ ခံစစ် လုံးဝ ပိတ်ကစားပြီး တန်ပြန် တိုက်စစ် ကနေ ဂိုးရဖို့ပဲ ချောင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီက ဒုတိယပိုင်းမှာ ဂိုးပေါက် ကန်ချက် ၁၄ ကြိမ်အထိ ပြုလုပ်ခဲ့ကာ ဂိုးပေါက် တည့်မှု ၄ ကြိမ် ကနေ သွင်းဂိုး ၂ ဂိုး ထပ်မံ ရှာဖွေနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၉ မိနစ်မှာ ခါဗရာစခီလီယာရဲ့ လှပတဲ့ သွင်းဂိုး၊ နာကျင် အချိန်ပိုမှာ မန်းဒက်စ်ရဲ့ တည်ငြိမ်တဲ့ အဆုံးသတ်တွေနဲ့ ပီအက်စ်ဂျီတို့ လှပတဲ့ နိုင်ပွဲ တစ်ပွဲ ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ဒီနေ့ပွဲမှာ အဓိက ချီးကျူးရမှာက ကွင်းလယ်မှာ တောက်လျောက် လွန်းထိုး ကစားသွားတဲ့ ဗစ်တင်ညာ ဖြစ်ပြီး နူနို မန်းဒက်စ်နဲ့ ဟာကီမီ တို့ကလည်း တိုက်စစ်ကို အကောင်းဆုံး လိုက်ပါ ကစားသွားနိုင်ခဲ့ကြပါတယ်။ ဒီရလဒ်ကြောင့် ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာသွားခဲ့ပါပြီ။ ဗီလာ ကတော့ ဒီပွဲမှာ ပီအက်စ်ဂျီကို တစ်ဦးချင်းရော အသင်းလိုက်မှာပါ မယှဉ်နိုင်ခဲ့တာကြောင့် ဂိုးတွေ ပြန်ပေးရပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဗီလာက ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရေး မျှော်လင့်ချက် ခပ်ရေးရေးတော့ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း လူးဝစ္စ အန်နရီကေး လက်အောက်မှာ ဘောလုံးကို စနစ်တကျ ကစားနေနိုင်ပြီ ဖြစ်တဲ့ ပီအက်စ်ဂျီကို Comeback ပြီး ကျော်ဖြတ်ဖို့တော့ ဘယ်လိုမှ လွယ်ကူမယ် မထင်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်