နီကိုးလက်စ် ဂျက်ဆန်ရဲ့ အေးဂျင့် ဖြစ်သူကတော့ သူ့ရဲ့ ကစားသမားကို ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အပြီးသတ် ဝယ်ယူသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆီနီဂေါ တိုက်စစ်မှူးဟာ ချဲလ်ဆီး ကနေ ဘေယန်မြူးနစ်ကို တစ်ရာသီ အငှားနဲ့ သွားရောက် ကစားနေသူ ဖြစ်ပြီး စာချုပ်ထဲမှာတော့ ရာသီအကုန်မှာ ဘေယန်မြူးနစ်က အပြီးသတ် ဝယ်ယူခွင့်လည်း ရှိထားပါတယ်။
ဘေယန်မြူးနစ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဂျက်ဆန်ကို စံချိန်တင် တစ်ရာသီ အငှားကြေး ယူရို ၁၆.၅ သန်း (ပေါင် ၁၄.၄ သန်း) ပေးချေခဲ့ ခေါ်ယူခဲ့ပါတယ်။ တစ်ခု ရှိတာက ဂျက်ဆန် အနေနဲ့ ဘေယန်မြူးနစ်ကို အပြီးသတ် ပြောင်းရွှေ့ချင်တယ် ဆိုရင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ အနည်းဆုံး ပွဲပေါင်း ၄၀ ကစားခွင့် ရဖို့ လိုအပ်ပါတယ်။ အစောပိုင်း သတင်းတွေအရ ဆိုရင် ဂျက်ဆန် အနေနဲ့ ပွဲ ၄၀ ပြည့်ရင်တော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်းနဲ့ ခေါ်ယူခွင့် ရှိမှာလည်း ဖြစ်ပါတယ်။
အများစု ကတော့ ဂျက်ဆန် အနေနဲ့ ဘေယန်မြူးနစ်မှာ တစ်ရာသီ အတွင်း ပွဲပေါင်း ၄၀ ပွဲထွက်ခွင့်ရဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပြီး ဂျက်ဆန် အတွက် ပေးချေရမယ့် ယူရို ၁၆.၅ သန်း ကလည်း များပြားလွန်းကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ဂျက်ဆန်ရဲ့ အပြောင်းအရွှေ့ကြောင်း ဥက္ကဌ ဖြစ်သူ အူလီ ဟိုးနက်စ် အပေါ်မှာလည်း သဘောကျမှုတွေ လျော့နည်းနေကြောင်း သိရပါတယ်။

ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ရှိနေသေးတာကြောင့် ဂျက်ဆန်ရဲ့ အပြီးသတ် အပြောင်းအရွှေ့က ဖြစ်နိုင်ချေ ရှိနေသေးကြောင်း အေးဂျင့် ဖြစ်သူ အလီဘာရတ်က အတည်ပြုထားပါတယ်။ ဒါ့အပြင် အလီဘာရတ်ရဲ့ ပြောကြားချက် အရ ဘေယန်မြူးနစ်ဟာ ပွဲ ၄၀ မပြည့်ရင်လည်း ဂျက်ဆန်ကို ယူရို ၆၅ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။ “သူ့ အနေနဲ့ ပွဲ ၄၀ ကစားရင် ဘေယန် ဘက်က မဖြစ်မနေ ဝယ်ယူနိုင်တဲ့ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့်လည်း ယူရို ၆၅ သန်းနဲ့ ရွေးချယ်ခွင့် ရှိနေပါတယ်။” လို့ အလီဘာရတ် က RMC Sport ကို ပြောကြားခဲ့ပါတယ်။
“ဒီတော့ ဂျက်ဆန်ရဲ့ ဒီရာသီ စွမ်းဆောင်ရည်၊ တိုက်စစ်မှူးတွေ အတွက် လက်ရှိ စျေးကွက် ပေါက်ဈေးအရ ဆိုရင်တော့ သူတို့ ယူရို ၆၅ သန်းနဲ့ သူတို့ ဝယ်သင့်တယ်လို့ ထင်ပါတယ်။ တစ်ဖန် ဂျက်ဆန် အနေနဲ့ ဘယ်လိုမျိုး အံဝင်ခွင်ကျ စွမ်းဆောင်နိုင်မလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ အလားအလာ ရှိတဲ့ ဂျက်ဆန် အတွက် သူတို့ ယူရို ၆၅ သန်းကို နွေရာသီအကုန်မှာ ပေးချေဖို့ ပြဿနာ ရှိမယ် မထင်ပါဘူး။” လို့ အလီဘာရတ်က ဆိုပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ ဘယ်လိုမျိုး ဆုံးဖြတ်ချက်မလဲ ဆိုတာ မသိရသေးပေမယ့် ဂျက်ဆန် ကတော့ ချဲလ်ဆီးနဲ့ အနာဂတ် ကုန်ဆုံးသွားပြီလို့ ပြောလို့ ရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဂျက်ဆန်ရဲ့ နေရာမှာ စထရက်ဘော့ဂ်က အီမန်နျူရယ် အမ်မီဂါနဲ့ အစားထိုးဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဂျက်ဆန်ကို ၂၀၂၃ ခုနှစ် နွေရာသီမှာ ဗီလာရီးရဲလ် ကနေ ယူရို ၃၂ သန်း ပေးချေ ခေါ်ယူခဲ့ပြီး သူ့ အတွက် ရောင်းချရမှု ကနေ အမြတ်ရဖို့ အချိန်တန်ပြီလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဂျက်ဆန်က ဘေယန်မြူးနစ် အတွက် ၃ ပွဲ ကစားထားပေမယ့် ဟမ်းဘတ်နဲ့ ပွဲမှာ ၄၅ မိနစ်၊ ချဲလ်ဆီးနဲ့ ပွဲမှာ ၁ မိနစ်၊ ဟော့ဖန်ဟိမ်းနဲ့ ပွဲမှာတော့ ၆၂ မိနစ် ပွဲထွက်ခွင့် ရရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.