နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကီပါရဲ့ ငြင်းဆန် ပယ်ချခြင်းကို ခံခဲ့ရတဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ကီပါရဲ့ ငြင်းဆန် ပယ်ချခြင်းကို ခံခဲ့ရတဲ့ ဘေယန်မြူးနစ်

ရီးရဲလ်မက်ဒရစ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ချဲလ်ဆီး ဂိုးသမား ကီပါ အရီဇာဘာလာဂါက ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဆိုပါ စပိန် လက်ရွေးစင် ဂိုးသမားကို ခေါ်ယူဖို့ ဘေယန်မြူးနစ်တို့ စတင် စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်က ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ကိုသာ အပူတပြင်း အားစိုက်ကြိုးပမ်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ကြားဝင်လာချိန် မှာတော့ ကီပါကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ နံပါတ် (၁) ဂိုးသမား သီဘောက် ကော့တွိုက်စ်ကို ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် တစ်ရာသီလုံး လက်လွှတ်ရမှာကြောင့် အခုလိုမျိုးပဲ ကီပါကို ခေါ်ယူခဲ့တာပါ။ ကီပါက ဒီနောက်ပိုင်းရက်တွေက ခက်ခဲ ပြင်းထန်ခဲ့ကြောင်း၊ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ဆီက ကမ်းလှမ်းမှုရချိန် မှာတော့ အရာအားလုံးက ရှင်းလင်းသွားခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

 

ယူနိုက်တက် ဂိုးသမားကို ခေါ်ယူကြောင်း လေဗာကူဆင် တရားဝင် ကြေညာ

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသမား မာတက်ချ် ကိုဗာကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ အသက် (၂၃) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ချက်လူမျိုး ဂိုးသမား ကိုဗာဟာ ပြီးခဲ့တဲ့ ရာသီကလည်း စပါတာပရက်ဂ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ယူနိုက်တက် ကစားသမားဘဝ အချိန်အများစုကို အငှားထွက် ကစားရင်း အချိန်ကုန်ခဲ့တာပါ။

အဆိုပါ ဂျာမနီ လူမျိုး ကြယ်ပွင့်လေးဟာ အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းမျိုးကို ပြသထားပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းရဲ့ အဓိက,ကစားသမား အဖြစ် ခြေစွမ်းပြနေပါတယ်။
ဂျမဲလ် မူဆီအာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး

ပြီးခဲ့တဲ့ နွေရာသီ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း ကိုဗာက ယူနိုက်တက် အတွက် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ ဘောလုံးပေးပို့မှုတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ကိုဗာက လေဗာကူဆင်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး အသင်းသစ်မှာ ကျောနံပါတ် (၁၇) ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရှိရပါတယ်။

ကိုဗာဟာ ယူနိုက်တက်မှာ အန်ဒရီ အိုနာနာ၊ ဒင်းန် ဟန်ဒါဆန်တို့ ရှိနေတာကြောင့် အနာဂတ် အတွက် အခုလိုပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာပါ။

 

ချဲလ်ဆီးရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဘေယန်မြူးနစ် ကြယ်ပွင့်

ဘေယန်မြူးနစ် ကြယ်ပွင့် ဂျမဲလ် မူဆီအာလာကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးတို့ စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။

အဆိုပါ ဂျာမနီ လူမျိုး ကြယ်ပွင့်လေးဟာ အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းမျိုးကို ပြသထားပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းရဲ့ အဓိက,ကစားသမား အဖြစ် ခြေစွမ်းပြနေပါတယ်။ မူဆီအာလာဟာ ကွင်းလယ်နဲ့ တောင်ပံနေရာစုံမှာ ကစားနိုင်တဲ့ အရည်အချင်း ရှိပြီး ဘေယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ် ကတော့ သူ့ကို လက်လွှတ်ခံလိုခြင်း မရှိပါဘူး။

လက်ရှိအချိန်မှာ ကစားသမားသစ်တွေကို ဆက်တိုက် ခေါ်ယူနေတဲ့ ချဲလ်ဆီးက အသင်းရဲ့ ပြင်ဆင် အားဖြည့်မှုတွေကို မရပ်တန့်သေးဘဲ နောက်ထပ် ပစ်မှတ် အဖြစ် မူဆီအာလာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်