နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ ရှိနေတဲ့ အာဆင်နယ် | ခရာဘောင်ဖလား (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – ဘရိုက်တန်

ခရာဘောင်ဖလား စတုတ္ထအဆင့်ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ အာဆင်နယ်က ဘရိုက်တန်ကို အမ်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပုံစံကောင်းရနေတဲ့ အာဆင်နယ်ပဲ နောက်တစ်ဆင့်ကို အသာအယာ တက်လှမ်းသွားနိုင်မလား ဒါမှမဟုတ် ဘရိုက်တန် ကပဲ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်တို့ ခရာဘောင်ဖလားကို ဖလား တစ်လုံး မျှော်လင့်ချက် အနေနဲ့ ဆက်ထားမလား၊ ဒါမှမဟုတ် ရှော်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်တလော မှာတော့ အာဆင်နယ်က အသင်းကြီး၊ အသင်းငယ် မရွေး အတည်ငြိမ်ဆုံး ရင်ဆိုင်ပြနေလို့ ခြေစွမ်းပိုင်း ကတော့ စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ တစ်ခု ရှိတာက အာတေးတား အနေနဲ့ ဒီပွဲမှာ အရန် ကစားသမားတွေကို ပွဲထုတ်လာနိုင်ချေ ရှိပေမယ့် လက်တလော အာဆင်နယ်ရဲ့ စုဖွဲ့မှုက အသင်းကြီး ၂ သင်းစာ ရှိနေလို့ စိတ်ပူစရာတော့ မလိုပါဘူး။

ခရာဘောင်ဖလား ပြီးခဲ့တဲ့ အဆင့်တွေမှာ အသင်းငယ်တွေကို ကျော်ဖြတ်လာခဲ့တဲ့ ဘရိုက်တန် ကတော့ အသင်းကြီး ဖြစ်တဲ့ အာဆင်နယ်နဲ့ စတင် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် ခရာဘောင်ဖလားက သိပ်ပြီး အရေးမကြီးပေမယ့် ဘရိုက်တန်လို အလယ်အလတ် အဆင့် အသင်း တစ်သင်း အတွက်တော့ အရေးပါလွန်းနေပါတယ်။ ဘရိုက်တန်ဟာ ပြိုင်ပွဲစုံမှာ တောက်လျောက် ရှုံးပွဲ မရှိအောင် ကစားခဲ့ပြီးမှ ယူနိုက်တက်နဲ့ အတွေ့မှာ ရလဒ်ကောင်းနေမှု ရပ်တန့်ခံထားရပါတယ်။ ဒါပေမယ့်လည်း အသင်းကြီးတွေနဲ့ ဆိုရင် သိသိသာသာ ညှစ်ကစားလေ့ ရှိတဲ့ ဘရိုက်တန်တို့ အာဆင်နယ်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒုက္ခပေးလာဦးမှာတော့ သေချာပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ် အတွက် ခရာဘောင်ဖလားက သိပ်ပြီး အရေးမကြီးပေမယ့် ဘရိုက်တန်တို အလယ်အလတ် အဆင့် အသင်း တစ်သင်း အတွက်တော့ အရေးပါလွန်းနေပါတယ်။
အသင်းကြီးတွေကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်လေ့ ရှိတဲ့ ဘရိုက်တန်

အခုပွဲကိုတော့ အာဆင်နယ် ဘက်က ရိုက်စ်၊ မာတင်နယ်လီ၊ ကာလာဖီအိုရီ၊ ဆလီဘာ တို့ လွဲချော်ဖွယ် ရှိနေပြီး အိုဒီဂတ်၊ ဂျေဇုစ်၊ ဟာဗက်ဇ်၊ မာဒူခေး တို့ကတော့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

ဘရိုက်တန် ဘက်မှာတော့ ဂရူဒါ၊ မီတိုမာ၊ ဝက်ဘ်စတား၊ ဟင်ရှဲလ်ဝုဒ်၊ မာ့ချ် တို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ကီပါ၊ ဝှိုက်၊ မော့စ်ကီယာ၊ ဟင်ကပ်ပီ၊ လီဝစ် စကယ်လီ၊ အက်ဇေး၊ နော့ဂတ်၊ မာရင်နို၊ နွမ်နရီ၊ ယိုကီးရက်စ်၊ ထရာ့ဆက်ဒ်

ဘရိုက်တန် – စတီးလ်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဘော့စ်ကက်ဂ်လီ၊ ဒီကူ့ပါး၊ မီလ်နာ၊ အယာရီ၊ ဂိုးမက်ဇ်၊ ရက်တ်တာ၊ မင်တာ့ရ်၊ ဝဲလ်ဘက်ခ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၈ ကြိမ်နိုင်၊ ဘရိုက်တန်က ၆ ကြိမ်နိုင်ပြီး ၅ ကြိမ် သရေကျခဲ့ပါတယ်။ ခရာဘောင်ဖလား မှာတော့ ၁ ကြိမ် တွေ့ဆုံထားပြီး ဘရိုက်တန်က အမ်းမရိတ်စ်မှာ ၁-၃ နဲ့ အနိုင်ရထားပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း ဘရိုက်တန်က ၃ ကြိမ် အထိ အနိုင်ရပြီး အာဆင်နယ်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေသာ ကစားနိုင်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ အာဆင်နယ် နိုင်ရင် ၁.၄၅ ဆ ရမှာ ဖြစ်ပြီး ဘရိုက်တန် နိုင်ရင်တော့ ၅.၇၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၂၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အာဆင်နယ်က တစ်လုံး တစ်ဝက်ရှုံးလောက်အထိ ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂.၇၅၊ ၃.၀၀ ဆိုပြီး ဖွင့်ထားပါတယ်။ ဘရိုက်တန်ဟာ အာဆင်နယ်ကို ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ အိမ်ကွင်းမှာတောင် အနိုင်ရခဲ့တဲ့ အသင်း ဖြစ်လို့ လျှော့တွက်လို့ မရပါဘူး။ နောက်ပြီး ဘရိုက်တန်က လက်ရှိမှာ ပွဲတိုင်းကို အမှားနည်းနည်းနဲ့ ကစားနေတဲ့ အသင်း ဖြစ်လို့ အရန်တွေနဲ့ ပွဲထွက်လာမယ့် အာဆင်နယ်တို့ သေချာပေါက် ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်ချေ ရှိပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် ရွေးချယ်ရမယ် ဆိုရင်တော့ အာဆင်နယ် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။ ဂိုးပေါ်လည်း အကြိုက်တွေ့နေမိပါတယ်။

 

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ ဘရိုက်တန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်