နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် မေဂျာလိဂ် ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ အင်တာမိုင်ယာမီ

အင်တာမိုင်ယာမီ ကတော့ နယူးယောက်စီးတီးကို အိမ်ကွင်းမှာ ၅-၁ နဲ့ အနိုင်ကစားပြီးနောက် မေဂျာလိဂ် (အရှေ့ပိုင်း) ရှုံးထွက်ဖလား (Audi 2025 MLS Cup Eastern Conference) ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ ဂျားဗီးယား မာရှေယာနိုရဲ့ အင်တာမိုင်ယာမီက လီယွန်နယ် မက်ဆီ၊ ဘူးစကွက်စ်၊ ဒီပေါလ်၊ အဲလ်ဘာ၊ ဖဲလ်ကွန် တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယူးယောက်စီးတီး ဘက်မှာတော့ မိုရာလက်ဇ်၊ ဖာနန်ဒက်ဇ်၊ အိုနီးလ်၊ မာတင်စ်၊ ရာအူးလ် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပေမယ့် အိမ်ရှင် အသင်းကို ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒီနေ့ပွဲမှာ အင်တာမိုင်ယာမီ အတွက် ဂိုးတွေ ကိုတော့ အယ်လန်ဒီ (၁၄၊ ၂၃၊ ၈၉ မိနစ်)၊ ဆေးလ်ဗက်တီ (၆၇ မိနစ်)၊ ဆီဂိုဗီယာ (၈၃ မိနစ်) တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နယူးယောက် စီးတီး အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ၃၇ မိနစ်မှာ ဟက်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီက အသင်း သမိုင်း တလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် မေဂျာလိဂ် ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
သမိုင်း တလျှောက် ပထမဦးဆုံး အကြိမ် မေဂျာလိဂ်ဖလား အောင်မြင်မှု ရယူဖို့ ခြေတစ်လှမ်းသာ လိုတော့တဲ့ အင်တာမိုင်ယာမီ

အင်တာမိုင်ယာမီ ကတော့ ဒီရာသီ မေဂျာလိဂ် (အရှေ့ပိုင်း) အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ Three Match Series အဆင့် မှာတော့ မက်ဆီရဲ့ အသင်းက နက်ရှ်ဗီးလ်ကို ၃ ကျော့ ကစားပြီး ၂ ကျော့ အနိုင်ရကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ အင်တာမိုင်ယာမီက စင်စင်နတ်တီကို ၀-၄ နဲ့ ဂိုးပြတ် ထပ်မံ အနိုင်ရခဲ့လို့ အရှေ့ပိုင်းလိဂ်ရဲ့ ရှုံးထွက်ဖလား (သို့မဟုတ်) မေဂျာလိဂ် ဆီမီးဖိုင်နယ်ကို ထပ်မံ တက်ရောက်နိုင်ခဲ့ပြီး နောက်ထပ် ဂိုးပြတ် နိုင်ပွဲ ၁ ပွဲ ထပ်မံ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီက အသင်း သမိုင်း တလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် မေဂျာလိဂ် ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီနေ့ ပွဲမှာ ကိုယ်တိုင် တစဂိုး ဖန်တီး ပေးခဲ့တဲ့ လီယွန်နယ် မက်ဆီ အနေနဲ့လည်း ဘောလုံးသမိုင်းတလျှောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဆိုတဲ့ စံချိန် ကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။

အခု ဆိုရင်တော့ အင်တာမိုင်ယာမီဟာ မေဂျာလိဂ် ဗိုလ်လုပွဲမှာ သောမက်စ် မူလာရဲ့ ဗန်ကူးဗားဝှိုက်ကပ်စ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဗန်ကူးဗား ဝှိုက်ကပ်စ်ရဲ့ ဒီပြိုင်ပွဲ ဖြတ်သန်းမှုကို ပြန်ကြည့်ရင်တော့ သူတို့ အသင်းက မေဂျာလိဂ် (အနောက်ပိုင်း) အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး Three Match Series အဆင့် မှာတော့ ဒါးလက်စ် အသင်းကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် တက်ခဲ့ပါတယ်။ အဲဒီနောက် ဗန်ကူးဗား ဝှိုက်ကပ်စ်က ကွာတားဖိုင်နယ်မှာ အင်အားကြီး ကလပ် အဲလ်အေအက်ဖ်စီကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် မှာတော့ ဆန်ဒီယေဂို ဂျိုဆေးကို ထပ်မံ အနိုင်ရခဲ့တာကြောင့် အခု ဆိုရင်တော့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်