နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဒီယီမီရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်ထားတဲ့ အာဆင်နယ်၊ လွတ်ခ်မန်းကို ခေါ်ယူချင်နေတဲ့ စပါး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ဒေါ့မန် တိုက်စစ်မှူး ကာရင်မ် အဒီယီမီရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခဲ့ပြီး ဇန်နဝါရီလမှာ မန်ခက်စတာယူနိုက်တက်နဲ့ အပြိုင်ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဒီယီမီဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စက်တင်ဘာကုန်ခါနီး ကတည်းက သွင်းဂိုး၊ ဂိုးဖန်တီးမှု မလုပ်နိုင်သလို နည်းပြ ဖြစ်သူ နီကို ကိုဗက်နဲ့လည်း ဆက်ဆံရေး အဆင်မပြေဖြစ်နေပါတယ်။ 

လစ်ဗာပူးလ် မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘုန်းမောက် တောင်ပံကစားသမား အန်တိုနီယို ဆီမီညိုကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ဆီမီညိုရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက် ဖြစ်ပြီး သရဲနီတွေဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မတိုင်ခင် မှာတောင် သဘောတူညီချက် ရဖို့ အလျင်အမြန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ချဲလ်ဆီး ကတော့ ခရစ္စတယ်ပဲလေ့စ် အဒမ် ဝှာတန်ကို ချဉ်းကပ်နေပြီး အခုဆိုရင် အင်္ဂလန် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေ အရှိဆုံး အစီအစဉ် တစ်ခုကို ရှာတွေ့ခဲ့ပြီလို့ သိရပါတယ်။ ပဲလေ့စ် ကတော့ သူတို့ရဲ့ ကစားသမားကို သက်တမ်း တိုးဖို့ စီစဉ်နေပြီး လာမယ့် နွေရာသီ အထိ အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးက ညာနောက်ခံလူ ဒန်နီရယ် မူနော့ဇ် အတွက် ပဲလေ့စ်နဲ့ ဆွေးနွေးခဲ့ပြီး ဘာစီလိုနာ၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီ တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ လွတ်ခ်မန်းကို စိတ်ဝင်စားနေတဲ့ အထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။
အတ္တလန္တာ အတွက် ခြေစွမ်းပြသနိုင်ခြင်း မရှိတော့တဲ့ လွတ်ခ်မန်း

အဒမ်မိုလာ လွတ်ခ်မန်း ကတော့ လာမယ့် ဇန်နဝါရီလမှာ အတ္တလန္တာ ကနေ ထွက်ခွာဖို့ အလေးအနက်ထား စဉ်းစားနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ လွတ်ခ်မန်းကို စိတ်ဝင်စားနေတဲ့ အထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါ့အပြင် အက်တလက်တီကိုမက်ဒရစ် ကလည်း နိုင်ဂျီးရီးယား လက်ရွေးစင် အတွက် ယူရို ၆၀ သန်း (ပေါင် ၅၃ သန်း၊ ဒေါ်လာ ၆၉.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေကြောင်း Tutto Juve က ဖော်ပြပါတယ်။

နယူးကာဆယ် တာဝန်ရှိသူတွေ ကတော့ ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးကို ပြောင်းရွှေ့လာပြီးနောက် ပွဲထွက်ခွင့် မရ ဖြစ်နေတဲ့ ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အင်္ဂလန် ဂိုးသမားကို တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း နှစ်သင်းစလုံးက စိတ်ဝင်စားနေပေမယ့်လည်း နယူးကာဆယ်က လွန်ခဲ့တဲ့ ခြောက်လ ကတည်းက သဘောတူညီချက် တစ်ခု ရရှိဖို့ နီးစပ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ကို ဦးဆောင်နေပါတယ်။

လစ်ဗာပူးလ် ကတော့ ဘေယန်မြူးနစ် တောင်ပံကစားသမား မိုက်ကယ် အိုလီဆေး ကိုတော့ သူတို့ရဲ့ အိပ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ အကယ်၍ အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာသာ ထွက်ခွာသွားခဲ့ရင်တော့ ပြင်သစ်သားကို ယူရို သန်း ၂၀၀ (ပေါင် ၁၇၆.၇ သန်း၊ ဒေါ်လာ ၂၃၂.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဟာဗေး အဲလီယော့တ် ကတော့ လစ်ဗာပူးလ် ကနေ ပေါင် ၃၅ သန်း (ဒေါ်လာ ၄၆.၁ သန်း) တန်ကြေး ရှိတဲ့ အပြီးသတ် ပြောင်းရွှေ့မှုကို စတင်ရန် အတွက် အက်စတွန်ဗီလာ အတွက် နောက်ထပ် ၅ ပွဲ ကစားဖို့ လိုအပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်