ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ စိတ်ဝင်စားစရာ ဒါဘီပွဲ တစ်ပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ လန်ဒန် ဒါဘီ ပွဲစဉ် ဖြစ်တာကြောင့် ထုံးစံအတိုင်း အကြိတ်အနယ် ရှိခဲ့ပြီး ချဲလ်ဆီးက တိုက်စစ်မှူး ယာအို ပက်ဒရိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီနေ့ပွဲမှာ စပါး ဘက်မှာ ဆိုလန်ကီ၊ ဘစ်ဆူးမား၊ ကူလူဆက်ဗ်စကီး၊ ဂရေး တို့လို ကစားသမားတွေ မပါဝင်ခဲ့သလို ချဲလ်ဆီး ဘက်မှာလည်း ဘာဒီယာရှီးလ်၊ ပါးလ်မား၊ ကိုးလ်ဝဲလ်၊ အက်ဆူဂို၊ ဒီလက်ပ်တို့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါး ဘက်မှာ ကိုလို မူအာနီက တိုက်စစ်မှာ ဦးဆောင်ခဲ့ပြီး ဆား၊ ကူဒု့စ်၊ ပါလ်ဟင်ဟာ၊ ဘန်တန်ကာ၊ ဗန်ဒီဗန်၊ ပေါ်ရို၊ ဗစ်ကာရီယို တို့နဲ့ လူစုံခဲ့သလို ချဲလ်ဆီး မှာလည်း ယာအို ပက်ဒရို၊ အန်ဇို၊ ဂါနာချို၊ နီတို၊ ကိုင်စီဒို၊ ဂူစတို တို့ ပါဝင်ခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာ အနေနဲ့ ဒီနေ့ပွဲမှာလည်း ရိစ် ဂျိမ်းစ်ကို ကွင်းလယ် ခံစစ်နေရာထား ကစားသွားခဲ့ပြီး အလုပ်ဖြစ်ခဲ့ပြန်တယ်လို့ပဲ ဆိုရပါမယ်။ အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ် အနေနဲ့ ကွင်းလယ် တစ်လျှောက်လုံးမှာ လုပ်အားနှုန်း ကောင်းကောင်းနဲ့ ကစားသွားခဲ့ပြီး ချဲလ်ဆီးရဲ့ High Pressing ကြောင့် စပါး အနေနဲ့ ပွဲတစ်လျောက်လုံး ကစားကွက် တည်မရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ပါလ်ဟင်ဟာ၊ ဘန်တန်ကာ တို့ရဲ့ စပါး ကွင်းလယ် အတွဲအဖက်က ချဲလ်ဆီးရဲ့ တိုက်စစ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့သလို ခံစစ်က ဗန်ဒီဗန် ကလည်း အမှားတွေ များခဲ့ပါတယ်။ ချဲလ်ဆီး ရခဲ့တဲ့ တစ်လုံးတည်းသော ဂိုး ကလည်း မစ်ကီ ဗန်ဒီဗန်ရဲ့ အမှား ကနေ ကိုင်စီဒိုက ဘောလုံးဆွဲယူပြီး ပြန်ခင်းပေးတာကို ယာအို ပက်ဒရိုက ပိတ်သွင်းကာ ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်သား အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း ဖူလ်ဟမ်နဲ့ ပွဲမှာ ဂိုးသွင်းခဲ့ပြီး နောက်ပိုင်း ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲ ဆက်တိုက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပြီး Tottenham Hotspur Stadium ကတော့ ချဲလ်ဆီး အတွက် အမြဲတမ်းလိုလို ရလဒ်ကောင်း ရှာဖွေနိုင်လေ့ ရှိတဲ့ကွင်း ဖြစ်သလို ဒီနေ့ မှာလည်း နောက်ထပ် တစ်ကြိမ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ Tottenham Hotspur Stadium မှာ ၂၀၁၉ ဧပြီလ ကနေ လက်ရှိအချိန် ပရီးမီးယားလိဂ် ၆ ပွဲ အနိုင်ရခဲ့ပြီး နိုင်ပွဲ အများဆုံး အသင်း အဖြစ်လည်း ရပ်တည်နေပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့သလို ၅ ပွဲ ဆက်တိုက် ရှုံးထားခဲ့ပါတယ်။
ချဲလ်ဆီးဟာ အဝေးကွင်းမှာ လာရောက် ကစားခဲ့ရပေမယ့် တစ်ပွဲလုံး တိုက်စစ်ဖွင့် ကစားသွားခဲ့ပါတယ်။ စပါးဟာ တစ်ပွဲလုံးမှာ ဂိုးပေါက် ကန်ချက် ၃ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ပြုလုပ်နိုင်တဲ့ အထိ အခြေအနေ ဆိုးခဲ့တာပါ။ ချဲလ်ဆီး ကတော့ ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်မှာ ဂိုးပေါက် တည့်မှု ၉ ကြိမ် အထိ ရှိခဲ့ကာ တိုက်စစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယာအို ပက်ဒရိုရဲ့ ပွဲချိန် ၃၄ မိနစ်မှာ သွင်းယူတဲ့ ၁ ဂိုးတည်းနဲ့သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ တော့တင်ဟမ်ဟော့စပါးက ရမှတ် ၁၇ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို ကျသွားခဲ့ပြီးတော့ ချဲလ်ဆီး ကတော့ အဆင့် ၅ နေရာကို တက်လှမ်းလာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


