မန်ချက်စတာယူနိုက်တက် ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာကို အငှားနဲ့ သွားရောက် ကစားနေတဲ့ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုတော့ ပီအက်စ်ဂျီက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ကတည်းက ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးတော့ လက်ရှိ အချိန်ထိလည်း ပြင်သစ် မြို့တော် ကလပ်က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို လက်မလျှော့သေးကြောင်း သတင်းတွေက ဖော်ပြပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အင်ရီကေးဟာ အခုနွေရာသီမှာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါကြောင့် ဒီကနေ့ညမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပီအက်စ်ဂျီတို့ ကစားကြမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်က ရက်ရှ်ဖို့ဒ် အတွက် ခြေစွမ်းပိုင်း အစမ်းသပ်ခံရမယ့် ပွဲစဉ်လို့လည်း ပြောလို့ ရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီနဲ့ အချိန် အတော်ကြာ ချိတ်ဆက်မှုတွေ ရှိခဲ့သူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီက ကီလီယန် အမ်ဘာပေး ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားပြီးနောက် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ပီအက်စ်ဂျီက အမ်ဘာပေး အသင်း မပြောင်းခင်ကတည်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ရပ်ရှ်ဖိုဒ် ကိုယ်တိုင် ကလည်း လွန်ခဲ့တဲ့ ၃ နှစ်နီးပါးလောက်က ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားမှုကို သဘောကျ လက်ခံခဲ့ပါတယ်။ နာမည်ကျော် L’Equipe ရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီ့ တိုဟာ ၂ဝ၂၂ ခုနှစ်မှာ နေမာရဲ့ နေရာကို အစားထိုးဖို ရွေးချယ်စရာတွေကို စဉ်းစားနေချိန်မှာ အနည်းဆုံး ၃ ကြိမ် အထိ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက လီယိုနာဒိုဟာ အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်နေပေမယ့် ဆွေးနွေးမှုတွေ အတွင်းမှာ သူ အသင်းက ထွက်ခွာတော့မယ်လို ကြေညာခဲ့ပြီး မကြာခင်မှာပဲ လူးဝစ် ကမ်ပို့စ်နဲ့ အစားထိုးခံခဲ့ရပါတယ်။
ဒါ့အပြင် အေးဂျင့် ပီနီ ဇာဟာဗီ ပါဝင်လာခဲ့ပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်သွားခဲ့တယ်လို့ ပြင်သစ် သတင်းဌာနက ဖော်ပြပါတယ်။ အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဇန်နဝါရီလ ဆောင်းဈေးကွက်မှာ ဗီလာကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကာလတွေကို ကျော်လွှားနိုင်ခဲ့ပြီးတော့ ထိပ်တန်း အသင်းကြီး အများစုက ပြန်လည် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာကို ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားကာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာ ကတော့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူလိုနေပြီးတော့ အသင်းမှာ နောက်ရာသီတွေ ဆက်လက် ကစားစေဖို့ မျှော်လင့်နေပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ် တစ်ယောက် ပရီးမီးယားလိဂ် မှာပဲ ဆက်ရှိနေမလား ဒါမှမဟုတ် ဆုဖလား အောင်မြင်မှု အတွက် ပိုသေချာနိုင်မယ့် အသင်း တစ်သင်း ကိုပဲ ထပ်မံ ရွေးချယ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.