နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒမ်ဘီလီနဲ့ ပီအက်စ်ဂျီ သတင်းကို တုံ့ပြန်လိုက်တဲ့ ဘာစီလိုနာ (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဒမ်ဘီလီနဲ့ ပီအက်စ်ဂျီ သတင်းကို တုံ့ပြန်လိုက်တဲ့ ဘာစီလိုနာ

အူစမန်နီ ဒမ်ဘီလီဟာ နောက်ထပ် တစ်ကြိမ် ပီအက်စ်ဂျီ အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့်လည်း ဘာစီလိုနာ ဘက်ကတော့ အေးအေးဆေးဆေးပဲ ရှိနေတယ်လို့ ပြောဆိုလာပါတယ်။ ဒမ်ဘီလီဟာ လီဂူးဝမ်း ကလပ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီက ပြင်သစ် တောင်ပံကစားသမားရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို ယခုလ မကုန်ခင်မှာ ပေးချေသွားမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
ရှက်ဖီး ယူနိုက်တက်
1X2 ရှက်ဖီး ယူနိုက်တက် @ 3.05
နော်တင်ဟမ် ဖောရက်စ် အာရှ အကျောပေး -0.25 @ 1.86
ဂိုး‌အောက် 2.25 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့်လည်း ဘာစီလိုနာ အသင်း အဝတ်လဲခန်းထဲမှာ ဘာစိုးရိမ်ပူပင်မှုမှ ရှိမနေဘူးလို့ Diario Sport က ဖော်ပြခဲ့ပါတယ်။ ဇာဗီနဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ ဒမ်ဘီလီ အနေနဲ့ လာလီဂါ ထိပ်သီးနဲ့ ဆက်လက်ရှိနေချင်တယ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ဒမ်ဘီလီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စကို ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပြီး ဒေါ့မန် ကြယ်ပွင့်ဟောင်း အနေနဲ့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမယ်လို့ ယုံကြည်ချက် ရှိနေတာ ဖြစ်ပါတယ်။

 

အမ်ဘာပေး အတွက် ပီအက်စ်ဂျီ သတ်မှတ်စျေးကြောင့် အခက်တွေ့နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီ ကနေ အမ်ဘာပေးကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပြီး ပြင်သစ် တိုက်စစ်မှူး ကလည်း လီဂူးဝမ်း ကလပ် ကနေ ထွက်မယ် ဆိုရင် မက်ဒရစ် ကိုပဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေးသာ စာချုပ်သစ် မချုပ်ရင် ဒီနွေရာသီမှာ ရောင်းထုတ်သွားမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကတော့ လိုအပ်မှသာ ငွေကြေးသုံးစွဲမှု ပြုလုပ်သွားမှာ ဖြစ်သလို ၎င်းတို့ရဲ့ ကမ်းလှမ်းမှု ကလည်း ပြင်သစ် ကလပ် အသင်း အတွက် စိတ်ကျေနပ်လောက်ဖွယ် မဖြစ်နိုင်တာပါ။ ဒါကြောင့် လာလီဂါ ကလပ်က လာမယ့်နှစ်မှာ အမ်ဘာပေးကို အလွတ်နဲ့ ခေါ်ယူဖို့ ကိုပဲ စောင့်ဆိုင်းချင်နေတာ ဖြစ်ပါတယ်။ Marca သတင်းထောက် ကားလို့စ် ကာပီယိုရဲ့ ပြောကြားချက်အရ ပီအက်စ်ဂျီဟာ အမ်ဘာပေး အတွက် ယူရိုသန်း ၂၅၀ အထိ အံ့အားသင့်ဖွယ် တောင်းဆိုထားတာကြောင့် ရီးရဲလ်မက်ဒရစ်က ပေးချင်တဲ့ ပမာဏနဲ့ တော်တော်လေး ကွာဟနေတယ်လို့ သိရပါတယ်။

ဒါကြောင့် လာလီဂါ ကလပ်က လာမယ့်နှစ်မှာ အမ်ဘာပေးကို အလွတ်နဲ့ ခေါ်ယူဖို့ ကိုပဲ စောင့်ဆိုင်းချင်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကြောင့် အမ်ဘာပေးကို ခေါ်ဖို့ ခက်နေတဲ့ ရီးရဲလ်မက်ဒရစ်

အဲဒီအပြင် အသင်း ၂ သင်းကြား ပြောဆို ဆွေးနွေးနေမှုတွေဟာ လက်ရှိမှာ ကြားခံလူတွေ ကနေ တဆင့် ပြုလုပ်နေတာ ဖြစ်ပြီး ဆက်ဆံရေး ကလည်း အကောင်းဆုံး အနေအထားမှာ မရှိနေဘူးလို့ သိရပါတယ်။

 

အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်ကို ထုတ်ဖော်လိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ယနေ့ ဘာစီလိုနာနဲ့ ကစားရမယ့် အယ်ကလက်စီကို ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အသင်း အနေနဲ့ နောက်ထပ် ကစားသမားသစ် ခေါ်ယူဖို့ ပြင်ဆင်ထားခြင်း မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ အဲဒါက လုံလောက်နေပါပြီ (ကျောနံပါတ် ၉ ဟိုဆေးလူ ရှိနေတာကို ဆိုလို)။ ကျွန်တော်တို့ တိုက်စစ်မှာ ပြီးပြည့်စုံနေပါပြီ။ ဟိုဆေးလူနဲ့ ဘရာဟင်မ် တို့ကလည်း အရမ်းကောင်းကောင်း လုပ်နိုင်နေပါတယ်။ သူတို့တွေက သွင်းဂိုးတွေ ဖြန့်ဝေပေးနိုင်တယ် ဆိုတာကို ပြသခဲ့ပြီးပါပြီ ” အမ်ဘာပေးကို ခေါ်ယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အီတလီ လူမျိုးနည်းပြက “အဲဒီ အကြောင်း မေးခံရတာ ကျွန်တော့် အတွက် စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ကျွန်တော် ဖြေတော့ မဖြေပါဘူး။ ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီက ယနေ့မှာ လာလီဂါ ခါးသီး ပြိုင်ဘက် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ပွဲစဉ်မှာ တူရကီ မက်ဆီလို့ တင်စားခြင်းခံခဲ့ရတဲ့ အာဒါ ဂူလာ ပါဝင်ကစားပေးသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဒူးဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်နိုင်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်