နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အေဘရာဟမ်ကို လက်လျှော့ဖွယ် ရှိနေတဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး၊ ဒိုင်တွေက မော်ရင်ဟိုကို အငြှိုးထားနေကြတယ်လို့ ပြောလိုက်တဲ့ ရိုးမား ဂန္တဝင် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အေဘရာဟမ်ကို လက်လျှော့ဖွယ် ရှိနေတဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး၊ ဒိုင်တွေက မော်ရင်ဟိုကို အငြှိုးထားနေကြတယ်လို့ ပြောလိုက်တဲ့ ရိုးမား ဂန္တဝင် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အေဘရာဟမ်ကို လက်လျှော့ဖွယ် ရှိနေတဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း တို့ဟာ ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့ လက်လျှော့သွားဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

အင်္ဂလန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ချဲလ်ဆီး ကနေ စီးရီးအေ ကလပ် ရိုးမားကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချဲလ်ဆီး ကလည်း သူ့ကို ပေါင်သန်း (၆၀) နဲ့ ပြန်လည် ခေါ်ယူခွင့် ရှိနေပါတယ်။

ဒါ့အပြင် ဒီကစားသမားကို အာဆင်နယ် ကလည်း စိတ်ဝင်စားခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဥရောပ ထိပ်တန်း အသင်းကြီးတွေက ဒီကစားသမားကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ လက်လျှော့သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အကြောင်းရင်း ကတော့ အေဘရာဟမ်ရဲ့ ဒီရာသီ ခြေစွမ်းပိုင်း ဆိုးရွားမှုတွေကြောင့်လို့ သိရပြီး အေဘရာဟမ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရိုးမား အတွက် သွင်းဂိုး (၇) ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
ဖူလ်ဟမ်
1X2 သရေ (Draw) @ 3.10
ဂိုးပေါ် 1.00 @ 2.01
ဂိုးပေါင်း 3-2 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

ကိုယ်လုံးတီး ဖြစ်နေတဲ့ ကစားသမားကြောင့် ဒေါသထွက်ခဲ့တာလို့ ဆိုလိုက်တဲ့ လာဇီယို ဥက္ကဌ

လာဇီယို ဥက္ကဌ က‌လော်ဒီယို လော့တီတိုက ရိုးမား ကစားသမား တစ်ယောက်က လူသွားလမ်းမှာ ကိုယ်လုံးတီးနဲ့ ဖြစ်နေခဲ့ပြီး ဒါဘီပွဲအပြီးမှာ ဒီဖြစ်ရပ်ကို ဒေါသထွက်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လာဇီယိုနဲ့ ရိုးမားတို့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဥ်မှာ လာဇီယိုက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာ လော့တီတိုနဲ့ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုတို့ အကြား အပြန်အလှန် အော်ဟစ်ရင်း ပြဿနာတက်ခဲ့ကြပါသေးတယ်။

လော့တီတိုက ကျွန်တော့် အနေနဲ့ အားလုံးကို လေးစားကြောင်း၊ မဟုတ်မမှန်တာလည်း မပြောကြောင်း၊ ဒါပေမယ့် ကျွန်တော့် ကစားသမား တစ်ယောက်နဲ့ ရိုးမား ကစားသမား တစ်ယောက် ပြဿနာ ဖြစ်ပွားကြောင်း၊ ရိုးမား ကစားသမား တစ်ယောက် ကလည်း ကိုယ်လုံးတီးနဲ့ ဖြစ်နေကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ရောမဒါဘီ ပွဲအပြီး ဖြစ်ရပ်တွေ အတွက်လည်း စီးရီးအေ ဘောလုံးအဖွဲ့ချုပ်က စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အရေးယူမှုတွေ ပြုလုပ်သွားဖို့ ရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

 

ဒိုင်တွေက မော်ရင်ဟိုကို အငြိုးထားနေတယ်လို့ ရိုးမား ဂန္တဝင် ပြော

မော်ရင်ဟိုဟာ စီးရီးအေမှာ မကြာခဏ ဆိုသလို ဒိုင်လူကြီးတွေနဲ့ ပြဿနာတက်လေ့ ရှိပြီး ခရီမိုနီစ်ကို ရှုံးခဲ့တဲ့ ပွဲမှာ စတုတ္ထဒိုင်နဲ့ ပြဿနာ ဖြစ်ပွားခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရသလို နှစ်ပွဲပယ် ပြစ်ဒဏ်လည်း ချမှတ်ခံခဲ့ရပါတယ်။
မော်ရင်ဟို ဘက်က ကာကွယ်ပြောဆိုပေးခဲ့တဲ့ ရိုးမား ဂန္တဝင် ရော်ဘတ်တို ပရူဇို

ရိုးမား ဂန္တဝင် ရော်ဘတ်တို ပရူဇိုက စီးရီးအေက ဒိုင်လူကြီးတွေဟာ ဟိုဆေး မော်ရင်ဟိုကို ဆိုရင် အမြဲတမ်း အငြိုးထားနေတယ်လို့ ပြောကြားလိုက်ပါတယ်။

လာဇီယိုနဲ့ ကစားခဲ့တဲ့ ရောမဒါဘီ ပွဲစဥ်မှာ ရိုးမား ကစားသမားတွေ ဖြစ်တဲ့ ရော်ဂျာ အီဘာနက်ဇ်နဲ့ ဘရိုင်ယန် ခရစ္စတန်တီတို့ အထုတ်ခံခဲ့ရပြီး လာဇီယို ဘက်က အဒမ် မာရူဆစ်လည်း အထုတ်ခံခဲ့ရပါတယ်။

မော်ရင်ဟိုဟာ စီးရီးအေမှာ မကြာခဏ ဆိုသလို ဒိုင်လူကြီးတွေနဲ့ ပြဿနာတက်လေ့ ရှိပြီး ခရီမိုနီစ်ကို ရှုံးခဲ့တဲ့ ပွဲမှာ စတုတ္ထဒိုင်နဲ့ ပြဿနာ ဖြစ်ပွားခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရသလို နှစ်ပွဲပယ် ပြစ်ဒဏ်လည်း ချမှတ်ခံခဲ့ရပါတယ်။ ပရူဇိုက ရိုးမား အနေနဲ့ စီးရီးအေ အဖွဲ့ချုပ်ကို အီတလီ ပြင်ပက ဒိုင်တွေနဲ့ သူတို့ ပွဲတွေကို ကိုင်တွယ်ပေးဖို့ တောင်းဆိုသင့်ကြောင်း၊ လာဇီယိုနဲ့ ပွဲမှာ ရိုးမား ကစားသမားတွေက ပြစ်ဒဏ် ကျူးလွန်တိုင်း အဝါကတ် ထိခဲ့ပြီး လာဇီယိုက ငါးခါမှ တစ်ခါ အဝါကတ် ထိကြောင်း၊ ဒါက ရိုးမားနဲ့ ဒိုင်လူကြီး၊ မော်ရင်ဟိုနဲ့ ဒိုင်လူကြီးတွေ အကြား ပြဿနာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်